Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ ယနေ့ ထပ်မံလေကြောင်းတိုက်ခိုက်

လေယာဉ်ပျံဝဲမှုများရှိသည့်အပေါ် MNDAAကလည်း ပြန်လည်ပစ်ခတ်မှုရှိခဲ့သည်ဟု မနော်ဖောက ပြောသည်။ လေယာဉ်ကြောင့် ဒေသခံများ ဗုံးခိုကျင်း၌ ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

(အောက်တိုဘာ ၂၅ရက်က လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(အောက်တိုဘာ ၂၅ရက်က လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်ထားသည့် လားရှိုးမြို့တစ်နေရာကို စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၁၂နာရီခန့်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ခံ မနော်ဖောက ပြောသည်။

” ကြဲသွားပြီ။ ၁၁နာရီ ၅၈က”ဟု မနော်ဖောက ပြောသည်။

စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက်(၁၁) အောင်စေတနာလမ်းသွယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနေရာကို စက်တင်ဘာ ၃၀ရက်ကလည်း စလေကြောင်းတိုက်ခိုက်ခဲ့ပြီး ယနေ့ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

” ပေါင် ၅၀၀တစ်လုံး။ လူထိခိုက်မှုမရှိပါဘူး”ဟု မနော်ဖောက ယနေ့ လားရှိုးမြို့လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို ပြောသည်။

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီကင်းထောက် လေယာဉ်က ယနေ့နံနက် ၁၀နာရီခန့်ကတည်းက ပျံဝဲနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လေယာဉ်ပျံဝဲမှုများရှိသည့်အပေါ် MNDAAကလည်း ပြန်လည်ပစ်ခတ်မှုရှိခဲ့သည်ဟု မနော်ဖောက ပြောသည်။ လေယာဉ်ကြောင့် ဒေသခံများ ဗုံးခိုကျင်း၌ ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

” အောက်ကနေ ရှယ်ပြန်ပစ်တာ”ဟု မနော်ဖောက ရုပ်သံမှတ်တမ်းပေးပို့ ပြောပြသည်။

အဆိုပါရုပ်သံတွင် လေယာဉ် ပျံဝဲလာသံနှင့် အောက်မှ ပစ်ခတ်သံကို ကြားရသည်။

ရုပ်သံမှတ်တမ်းကိုမူ သတင်းရင်းမြစ်၏ လုံခြုံရေး အခြေအနေအရ ဖော်ပြနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်သည် လားရှိုးမြို့နှင့် မြို့နယ်အတွင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ဩဂုတ် ၃၀ရက်မှ ယနေ့အထိ စစ်ကောင်စီက လားရှိုးမြို့နယ်အတွင်း အကြိမ်ပေါင်း ၃၀ကျော် လေကြောင်း တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာနှင့် နေအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook