Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူအနောက်မြောက်ပိုင်း၌ စစ်တပ်က စစ်ကြောင်းထိုးဖမ်းဆီးနေ၍ ပြည်သူများသတိပြုရန် တော်လှန်ရေးတပ် ထုတ်ပြန်

အဆိုပါ စစ်ကြောင်းသည် ယနေ့အထိ ရေနံချက်စက်ရုံအတွင်း ဆက်ရှိနေ၍ စစ်ကြောင်း ဆက်ထိုးနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာကြရန် COBRA ONE Pakokku အဖွဲ့က သတိပေးသည်။

(စစ်ကောင်စီစစ်ကြောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-Cobra One)
(စစ်ကောင်စီစစ်ကြောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-Cobra One)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မြောက် ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်နေ၍ သတိပြုသွားလာရန် COBRA ONE Pakokku အဖွဲ့က သတိပေးသည်။

ယမန်နေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၅နာရီခန့်က ပခုက္ကူမြို့နယ် အနောက်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား အင်ပင်ကျေးရွာနှင့် ကိုးပင်ရွာကြားရှိ ရေနံချက်စက်ရုံအနီးတွင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရော့ကတ် သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokkuအဖွဲ့၏ ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောသည်။

ထိခိုက်မှုကိုမူ မသိရသေးသော်လည်းအဆိုပါ စစ်ကြောင်းမှာ ဆက်လက်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ ရေနံချက်စက်ရုံအတွင်းဝင်ရောက်သွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးရှို့တာတော့ မရှိသေးဘူး။ ပြည်သူလေးငါးဦးလောက်တော့ အဖမ်းခံရတယ်။ သူတို့ခရီးရောက်တော့ ပြန်လွှတ်ပေးလိုက်တယ်။”ဟု ဗိုလ်မြွေဟောက်က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့အထိ ရေနံချက်စက်ရုံအတွင်း ဆက်ရှိနေ၍ စစ်ကြောင်း ဆက်ထိုးနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာကြရန် COBRA ONE Pakokku အဖွဲ့က သတိပေးသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ရပ်ကျေးပကဖအဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။