Connect with us

Hi, what are you looking for?

News

ဟုမ္ပလင်းတွင် ပျူစောထီးခေါင်းဆောင် အသတ်ခံရသည့်ကိုမကျေနပ်သဖြင့် စစ်ကောင်စီရဲနှင့် ပျူများက အိမ်တစ်အိမ်ကိုသေနတ်ဖြင့်ဝိုင်းပစ် ပြည်သူတစ်ဦးသေဆုံး

“ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီကအမှုဖွင့်ထားလို့ တိမ်းရှောင်နေရတာ။ သူ့အိမ်ကို ပျူစောထီးနဲ့ စစ်ခွေးတွေက ည ၇နာရီခွဲမှာ သေနတ်နဲ့ ဝိုင်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဟုမ္မလင်းမြို့တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူတစ်ဦး၏နေအိမ်တစ်အိမ်ကို စစ်ကောင်စီနှင့် ပျူစောထီးများက ယနေ့ညဦးပိုင်းသေနတ်ဖြင့် ဝိုင်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဟုမ္မလင်းမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ်နာမည်ကြီးပြီး ပျူစောထီခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် မောင်မော့ဆိုသူသည် ယနေ့ နေ့လယ်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ မောင်မော့အသတ်ခံရမှုအတွက် အခဲမကျေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီက နောက်ပကျစ်ရပ်ကွက်ရှိ ကိုကျော်ဝင်းစိန်၏နေအိမ်ကို သေနတ်ဖြင့် ဝိုင်းပစ်ခတ်ခဲ့ရာ ကိုကျော်ဝင်းစိန်၏ အမ ဖြစ်သူ သေဆုံးခဲ့ရသည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီကအမှုဖွင့်ထားလို့ တိမ်းရှောင်နေရတာ။ သူ့အိမ်ကို ပျူစောထီးနဲ့ စစ်ခွေးတွေက ည ၇နာရီခွဲမှာ သေနတ်နဲ့ ဝိုင်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုကျော်ဝင်းစိန်သည် စစ်ကောင်စီအား ဆန့်ကျင်သူဖြစ်၍ အမှုဖွင့်ခံထားရသူဖြစ်သည်။ မောင်မောအသတ်ခံရသည့်ကိစ္စတွင် ကိုကျော်ဝင်းဆွေ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ အိမ်ကိုသေနတ်ဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံများကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

” ကိုကျော်ဝင်းစိန် အိမ်မှာမရှိမှန်းသိရဲ့သားနဲ့ ဝိုင်းပစ်တာဗျာ။ တော်တော် ရက်စက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပုံစာ – ယနေ့ နေ့ခင်းပိုင်းတွင်အသတ်ခံခဲ့ရသော ပျူစောထီးခေါင်းဆောင် မောင်မော့
ဓါတ်ပုံ -CJ

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။