Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟုမ္ပလင်းတွင် ပျူစောထီးခေါင်းဆောင် အသတ်ခံရသည့်ကိုမကျေနပ်သဖြင့် စစ်ကောင်စီရဲနှင့် ပျူများက အိမ်တစ်အိမ်ကိုသေနတ်ဖြင့်ဝိုင်းပစ် ပြည်သူတစ်ဦးသေဆုံး

“ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီကအမှုဖွင့်ထားလို့ တိမ်းရှောင်နေရတာ။ သူ့အိမ်ကို ပျူစောထီးနဲ့ စစ်ခွေးတွေက ည ၇နာရီခွဲမှာ သေနတ်နဲ့ ဝိုင်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဟုမ္မလင်းမြို့တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူတစ်ဦး၏နေအိမ်တစ်အိမ်ကို စစ်ကောင်စီနှင့် ပျူစောထီးများက ယနေ့ညဦးပိုင်းသေနတ်ဖြင့် ဝိုင်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဟုမ္မလင်းမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ်နာမည်ကြီးပြီး ပျူစောထီခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် မောင်မော့ဆိုသူသည် ယနေ့ နေ့လယ်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ မောင်မော့အသတ်ခံရမှုအတွက် အခဲမကျေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီက နောက်ပကျစ်ရပ်ကွက်ရှိ ကိုကျော်ဝင်းစိန်၏နေအိမ်ကို သေနတ်ဖြင့် ဝိုင်းပစ်ခတ်ခဲ့ရာ ကိုကျော်ဝင်းစိန်၏ အမ ဖြစ်သူ သေဆုံးခဲ့ရသည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီကအမှုဖွင့်ထားလို့ တိမ်းရှောင်နေရတာ။ သူ့အိမ်ကို ပျူစောထီးနဲ့ စစ်ခွေးတွေက ည ၇နာရီခွဲမှာ သေနတ်နဲ့ ဝိုင်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုကျော်ဝင်းစိန်သည် စစ်ကောင်စီအား ဆန့်ကျင်သူဖြစ်၍ အမှုဖွင့်ခံထားရသူဖြစ်သည်။ မောင်မောအသတ်ခံရသည့်ကိစ္စတွင် ကိုကျော်ဝင်းဆွေ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ အိမ်ကိုသေနတ်ဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံများကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

” ကိုကျော်ဝင်းစိန် အိမ်မှာမရှိမှန်းသိရဲ့သားနဲ့ ဝိုင်းပစ်တာဗျာ။ တော်တော် ရက်စက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပုံစာ – ယနေ့ နေ့ခင်းပိုင်းတွင်အသတ်ခံခဲ့ရသော ပျူစောထီးခေါင်းဆောင် မောင်မော့
ဓါတ်ပုံ -CJ

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။