Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

ယနေ့တိုက်ပွဲကြောင့် ကျေးရွာများအတွင်း ပိတ်မိနေသူများရှိသလို တောင်ငူမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်နီးပါးရှိနေပြီဟု သတင်းရရှိသည်။

(တောင်ငူမြို့နယ်တိုက်ပွဲကြောင့် တိမ်းရှောင်နေသူများနှင့် ဒဏ်ရာရသူများအား တောင်ငူဆေးရုံသို့ ပို့ဆောင်နေစဥ်။ ဓာတ်ပုံ - CJ)
(တောင်ငူမြို့နယ်တိုက်ပွဲကြောင့် တိမ်းရှောင်နေသူများနှင့် ဒဏ်ရာရသူများအား တောင်ငူဆေးရုံသို့ ပို့ဆောင်နေစဥ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ အိုင်စောက်ကျေးရွာနှင့် အနီးကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသည်။

တောင်ငူမြို့နယ်ရှိ အိုင်စောက်၊ ကမ်းနီ၊ ကရင်နီကုန်း သက်ကယ်ကျင်း၊ ညောင်စခန်း၊ ကွမ်းသီးပင်နှင့် ဇီးဖြူကုန်းကျေးရွာတို့တွင် ယ‌နေ့(နိုဝင်ဘာ ၈ရက်) နံနက်အစောပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“လူအများစုကတော့ နေရပ်စွန့်ခွာထွက်‌ ပြေးသွားကြပါပြီ။ ထိခိုက်ဒဏ်ရာရတာရှိပါတယ်ဗျ။ တိုက်ပွဲက ရုတ်တရက်ကြီးထဖြစ်တာပါ” ဟု တောင်ငူမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(တောင်ငူမြို့နယ်တိုက်ပွဲကြောင့် တိမ်းရှောင်နေသူများနှင့် ဒဏ်ရာရသူများအား တောင်ငူဆေးရုံသို့ ပို့ဆောင်နေစဥ်။ ဓာတ်ပုံ - CJ)
(တောင်ငူမြို့နယ်တိုက်ပွဲကြောင့် တိမ်းရှောင်နေသူများနှင့် ဒဏ်ရာရသူများအား တောင်ငူဆေးရုံသို့ ပို့ဆောင်နေစဥ်။ ဓာတ်ပုံ – CJ)

ယနေ့ နေ့လည်ပိုင်းတွင် ကွမ်းသီးပင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များက တောင်ငူမြို့ဆေးရုံသို့ ပို့ဆောင်ထားသည်။

ယနေ့တိုက်ပွဲကြောင့် ကျေးရွာများအတွင်း ပိတ်မိနေသူများရှိသလို တောင်ငူမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်နီးပါးရှိနေပြီဟု သတင်းရရှိသည်။

တောင်ငူမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ဖူးသည်။

ပဲခူးတိုင်းအတွင်း တောင်ငူမြို့နယ်နှင့်အနီးရှိ ကျောက်တံခါးနှင့် ကျောက်ကြီးမြို့နယ်တို့တွင် နိုဝင်ဘာ ၁ ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးကာ ၁၅ဦးကို ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook