Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု ​​သေဆုံးသူ၂၀ ဦးအထိတိုးလာ

မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နှင့် မြို့ဦးရပ်ကွက်တို့ကို ယမန်နေ့ည ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အတည်ပြုသည်။

မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နှင့် မြို့ဦးရပ်ကွက်တို့ကို ယမန်နေ့ည ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စုစုပေါင်း လူ၂၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၃ဦးတွင် ကလေးငယ်တစ်ဦးပါဝင်သည်ဟု TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက်တွင်သိမ်းယူခဲ့သည်။

မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။

တိုက်ပွဲများဖြစ်ပွားစဉ်ကတိမ်းရှောင်ခဲ့သည့်ဒေသခံများသည် မိုးကုတ်မြို့၌ပြန်လည်အခြေချနေသည်။ ယခုအခါ စစ်ကောင်စီက လေကြောင်းမှ တကြော့ပြန်ဗုံးကြဲတိုက်ခိုက်လာ၍ မြို့ခံများစိတ်ပူနေကြသည်။

(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် နိုဝင်ဘာ၁၀ရက်တွင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုတွင် နေအိမ် ၁၀လုံးလည်း ပျက်စီးခဲ့ပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမည်ကို ဒေသခံများက စိုးရိမ်နေသည်။

စစ်ကောင်စီသည် ယနေ့(နိုဝင်ဘာလ ၁၂ရက်)တွင် မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook