Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးပြီး ပူးပေါင်းသွားသည့် တပ်ကုန်း၊ ချောင်းနားစသည့် ကျေးရွာများသည် ကိုင်လယ်ရဲစခန်းနှင့်ကပ်လျှက်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

(ကိုင်လယ်ရဲစခန်းကို ၂၀၂၂ နိုဝင်ဘာ ၂၆ရက်တွင် တော်လှန်ရေးရဲဘော်များက တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CJ)
(ကိုင်လယ်ရဲစခန်းကို ၂၀၂၂ နိုဝင်ဘာ ၂၆ရက်တွင် တော်လှန်ရေးရဲဘော်များက တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CJ)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကိုင်းလယ်နယ်မြေရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ သုံးခုကို ဒရုန်းဖြင့် ဗုံးသီး ၃၀၀ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးအား နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ ကိုင်လယ်နယ်မြေရဲစခန်း၊ နိုဝင်ဘာ ၁၅ရက်မှ ၁၉ ရက်အထိ ပျူစောထီးအားကောင်းရာ ယာကြီးပြင်ကျေးရွာမှ ပျူခေါင်းဆောင်နေအိမ်နှင့် ဘန်ကာများအပါအဝင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်တွင် ပျူစောထီးအားကောင်းရာ ဒီးဒုတ်ကွင်းကျေးရွာတို့အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းတိုက်ခိုက်မှုများအနက် ကိုင်းလယ်နယ်မြေရဲစခန်းအားတိုက်ခိုက်ရာတွင် ဒရုန်း(၆)စီး၊ ဗုံးသီးအလုံး ၂၀၀ ကျော်ဖြင့် ကြဲချခဲ့ရာ စခန်းတွင်းရှိနေသည့် စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့်ထွက်ပြေးသွားသည်ဟု ပေါက်(ပကဖ)ဒရုန်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကိုင်းလယ်(ရဲစခန်းနေရာ)ကတော့ တော်တော်စုတ်ပြတ်သွားတာဗျ။ သူတို့ နေမရတော့ဘူး။ တပ်ကုန်းမှာ ပေါင်းနေကြတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးပြီး ပူးပေါင်းသွားသည့် တပ်ကုန်း၊ ချောင်းနားစသည့် ကျေးရွာများသည် ကိုင်လယ်ရဲစခန်းနှင့်ကပ်လျှက်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

ထို့အပြင် ယာကြီးပြင်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်နှင့် ဘန်ကာများအား ၁၀၀ မမ ဗုံးသီးများ၊ ၆၀ မမ ဗုံးသီးများအသုံး ပြုတိုက်ခိုက်ပြီး ရန်သူထိခိုက်မှုအခြေအနေကို စိစစ်ဆဲဟု ပေါက် (ပကဖ)က အသိပေးသည်။

အလားတူ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာအား နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်တွင် ဒရုန်းဖြင့် ဗုံးသီး ၉၂ လုံး ကြဲချတိုက်ခိုက်ခဲ့​ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။

“ပထမ ကသူတို့နေတာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တာဝါတိုင်မှာနေတာဗျ။ ကျနော်တို့ သည်က ပြစ်မှတ်တွေက တိကျတယ်ပြောရမယ်ဗျ။ သူတို့အဲဒီတွေမှာ မနေရဲဘူး။ ဘယ်အဆောင်တွေမှ မနေရဲတော့ဘူးဗျ။ ရွာအပြင် ရွာစပ်က အပင်တွေအောက်မှာပဲနေတော့တာ”ဟု ပေါက်(ပကဖ)ဒရုန်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

ထို့အပြင် ရက်ဆက်ဆင်နွှဲခဲ့သော ယခုဒရုန်းစစ်ဆင်ရေးအတွင်း မြေပြင်စစ်ရေးလှုပ်ရှားမှုထည့်သွင်းထားခြင်းမရှိသောကြောင့် စခန်းသိမ်းတိုက်ပွဲအထိ ဆင်နွှဲနိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက အသိပေးသည်။

အထက်ပါ တိုက်ခိုက်မှုများကို ပေါက်မြို့နယ် ပကဖ၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ ပခုက္ကူခရိုင် အမှတ် ၅ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းစသည့် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၊ ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များ ထိခိုက်မှုရှိခဲ့သော်လည်း သေဆုံးနှင့် ထိခိုက်မှုအရေ အတွက်အား အတိအကျ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Facebook