Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံး၊ သေနတ် ၉လက်ရဟု NUG အမှတ်(၁)စစ်ဒေသထုတ်ပြန်

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG အမှတ်(၁)စစ်ဒေသ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG အမှတ်(၁)စစ်ဒေသ)

အိမ်သွင်၊ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာသို့ ဝင်ရောက်လာသည့်အမှတ် (၉၁၀)စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

ဆောက်ခြုံပေါက်ရွာအနီးတွင် နိုဝင်ဘာ ၁၇ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လတ်တလော နယ်မြေကောင်းကောင်း မရှင်းလင်းရသေးဘဲနဲ့ အလောင်း ၁၂လောင်းရယ် ဂန်းငယ်တွေကော၊ စက်သေနတ်တွေကော ရလိုက်တယ်။ လက်နက်တွေက အသစ်တွေလို့ပြောတယ်” ဟု ကာကွယ်ရေးရဲဘော်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကောင်စီစစ်ကြောင်းသည် သနပ်ကုန်း၊ ငယ်တိုး၊ သဖန်းဒေါင့်ကျေးရွာ များ၌လည်းကောင်း၊ ဆောက်ခြုံပေါက်ရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ရွှေချောင်းပျူရွာ၌လည်းကောင်း အထိုင်ချထားကြောင်း ဒေသခံအချို့က ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်းယနေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်ပိုင်းက ငယ်တိုးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ​ဒေါင်းကျွန်းရွာသို့ လက်နက်ကြီးကျကာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Networkအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG အမှတ်(၁)စစ်ဒေသ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG အမှတ်(၁)စစ်ဒေသ)

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၇၀၁)မှ ဗိုလ်မှူးကျော်ဇေယျဦးစီးပြီး ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)အင်အား(၇၀)ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ်(၅၁၀)တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီစစ်ကြောင်းသည် အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀(အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတဆင့် ဝင်ရောက်လာခြင်းဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ(၁၂)ဦးသေဆုံးပြီး MA-15 (ငါးကြင်းမြီး)နှင့် MA-10 (RPG)အပါ လက်နက်(၉)လက်၊ RPG ဒုံးသီး(၈) လုံး၊ ၆၀ မမ ဗုံးသီး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅) လုံး၊ 5.56 ကျည်(၃၅၁)တောင့်၊ G-3 ကျည်(၂၄၈)တောင့်၊ MA ကျည်အိမ်(၇)ခု၊ ကျည်အိမ်အဝိုင်း(၁)ခု၊ MA-15 ကျည်ခါးပတ်(၁)ခု၊ Equipment(၁)ခု၊ ယူနီဖောင်း(၂)စုံသိမ်းဆည်းရရှိကြောင်း အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ထိုနေ့(နိုဝင်ဘာ ၁၇ရက်)ညနေပိုင်းတွင် စစ်ကောင်စီက Mi35၊ ဂျက်ဖိုက်တာတို့ကိုအသုံးပြု၍ လေကြောင်းမှ ခြောက်ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းထားသည့် တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေသော်လည်း သိမ်းထားသည့် စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အောက်တိုဘာ တတိယပတ်အတွင်းက အသိပေးထားသည်။

မတ္တရာမြို့နယ်မှ စစ်ကောင်စီစခန်း ၄၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။