Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည် အမျိုးအစားသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ပူတင်ပြော

နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်လို့ရတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်လို့ရတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ စမ်းသပ် အဆင့်မြှင့်နေဆဲအဆင့် ဟိုက်ပါဆောနစ် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည် (MRBM) တစ်စီးကို အခုသီတင်းပတ်ထဲမှာ ယူကရိန်းရဲ့ ဒီနီပရိုမြို့ထဲကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည် အမျိုးအစားမျိုး အရင်က ဘယ်တုန်းကမှ ရုရှားက စစ်ပွဲမှာ ထုတ်မသုံးခဲ့ဖူးပါဘူး။

ပူတင်က Oreshnikလို့ ကုဒ်နာမည် ပေးထားတဲ့ ဒုံးကျည်ကို သမားရိုးကျ ထိပ်ဖူး တပ်ဆင်ပြီး ပစ်ခတ်ခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပြီး နောက်ထပ်လည်း အဲဒီလို တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ ဒုံးကျည်တွေ သိုမှီး ပိုင်ဆိုင်ထားကြောင်း ပြောပါတယ်။

Oreshnikဟာ အသံထက် ၁၀ ဆမြန်အောင် ပျံသန်းနိုင်ပြီး ဘယ်လေကြောင်းကာကွယ်ရေး စနစ်ကမှ မဟန့်တားနိုင်ဘူးလို့ ပူတင်က ကြွေးကြော်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းကတော့ ကြိုတင် ထုတ်ပြန်မထားဘဲ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုမှာ သူက Oreshnikတွေကို လက်တွေ့ တိုက်ခိုက်ရေး အပါအဝင် နောက်ထပ် စမ်းသပ်မှုတွေမှာ အသုံးပြုသွားမယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဗြိတိန်တို့က ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခွင့် ပေးလိုက်ပြီး ယူကရိန်းကလည်း လက်တွေ့ အသုံးချခဲ့တဲ့နောက် ရုရှားက MRBM အဆင့် ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ခတ်ခဲ့တာပါ။ MRBMတွေရဲ့ စံသတ်မှတ်ချက်အရ ကီလိုမီတာ ၃၅၀၀ နဲ့ ၅၀၀၀ ကြားလောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပူတင်အနေနဲ့ ဒီလို စစ်လက်နက်မျိုး ထုတ်သုံးခဲ့တဲ့အတွက် ထိုက်တန်တဲ့ အကျိုးဆက်တွေ ခံစားရအောင် ဝိုင်းဝန်း အရေးယူ ပေးကြဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

တခြားသတင်းတွေအရ ယူကရိန်းဟာ အမေရိကန်ဆီက THAAD အမျိုးအစား၊ ဒါမှမဟုတ် ပိုမို အဆင့်မြှင့်တင်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေ ရရှိနိုင်ရေး တောင်းဆိုသွားဖို့လည်း အပူတပြင်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်ကျရင် ယူကရိန်းကို စစ်ရေးအရ ဆက်လက်ကူညီ ထောက်ပံ့ဖို့ မသေချာတဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေ ရပ်သွားရင် ယူကရိန်းဟာ စစ်ရှုံးဖို့ သေချာသလောက် ဖြစ်နေကြောင်း ဝန်ခံထားပေမယ့် အစွမ်းရှိသမျှ ရုန်းကန် တွန်းလှန်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား: EPA

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။