Connect with us

Hi, what are you looking for?

သတင်း

သာကေတ ဂက်စ်မီးဖိုအရောင်းဆိုင်မီးလောင်မှု သုံးဦးဒဏ်ရာရ

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)
(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)

သတိုး / People’s Spring

ရန်ကုန်မြို့ သာကေတမြို့နယ် ယမုံနာလမ်းရှိ ဂက်စ်မီးဖိုအရောင်းဆိုင် မီးလောင်မှုတွင် ဒဏ်ရာရရှိသူသုံးဦးရှိခဲ့သည်။

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)
(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)

ယင်းမီးလောင်မှုတွင် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်) ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ယမုံနာလမ်းမကြီးပေါ်က ဆိုင်တွေထဲက တစ်ဆိုင်က အုန်းဆိုပြီး ပေါက်ကွဲသံအကျယ်ကြီး ကြားပြီး ခဏနေတော့ နောက်ဆက်တွဲ ပေါက်ကွဲသံတွေ ဆက်ကြားရတာပဲ။ Gas ဖြည့်တဲ့ဆိုင် ကစပေါက်ကွဲပြီး စလောင်တာလား ဘေးဆိုင်ကလားတော့ သေချာမသိဘူး။ ပေါက်ကွဲမှုက တော်တော်လေး ပြင်းပါတယ် ဖုန်လုံးကြီး က ၅လွှာ တိုက်ကျော်တယ်။ ” ဟု ဒေသခံတစ်ဦးကပြောသည်။

မီး‌ငြှိမ်းသတ်သည့် အချိန်၌ ဂက်စ်အိုးများပေါက်ကွဲသည့် အသံများလည်း ကြားရပြီး ဒဏ်ရာရရှိသူနှစ်ဦးရှိသည်ဟု သိရကြောင်း ယင်းဒေသခံက ဆိုသည်။

“မြန်မာနိုင်ငံမှာ Gas အိုးတွေက နေရာအနှံ့ အသုံးပြုလာကြပေမယ့် Safety နဲ့ ပတ်သက်တဲ့ Awareness အားနည်းတော့ ခုလိုမျိုး မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ရတာပါပဲ။ သတိထားရမယ့်အထဲ Gas အိုးတွေလဲ ပါတယ်။” ဟု ၎င်းက အကြံပြုသည်။

မီးလောင်မှု အကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးများ နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။