Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်နှင့် ပျူစောထီး အနည်းဆုံး ၃ ဦးသေ ၊ ၁၀ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၉ ရက်နှင့် ၂၁ ရက်နေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ PDF (Kalay) တပ်ဖွဲ့ဝင်သုံး ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရကာတစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ပြည်သူသို့ အသေးစိတ် ရှင်းပြထားသည်။

ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့များ အောက်တိုဘာ ၁၉ ရက်နှင့် ၂၁ ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီး ၃ ဦးထက်မနည်းသေဆုံးကာ၊အနည်းဆုံး ၁၀ ဦးဒဏ်ရရှိခဲ့ကြောင်း PDF ကလေးက ယနေ့သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၃ ဦးဒဏ်ရာရရှိပြီး ၁ ဦးမှာဒဏ်ရာပြင်ထန်းသည်။စစ်ကောင်စီက အပြစ်မဲ့အရပ်သားတစ်ဦးကိုသတ်ဖြတ်သွားကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်စီးသွားကြောင်းPeople’s Defence Force (Kalay)က ယနေ (အောက်တိုဘာ၂၅ )သတင်းထုတ်ပြန်သည်။

ကလေးမြို့ နယ်တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျောက်ပြုတ်ကျေးရွာ၌ စစ်အခြေစိုက်စဖန်းတစ်ခုအဖြစ် နေရာယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများက အနီးဝန်းကျင်ရှိ ကျောက်ဆည်၊ အင်းကျွန်း၊ ရေရှင် စသောကျေးရွာများသို့ မကြာခဏဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအားမီးရှို့ခြင်းများ ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက် ညနေတွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းထွက်လာသည့် PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။ဆက်လက်၍ အောက်တိုဘာ ၂၁ ရက်တွင် PDF (Kalay)၊ ယောဒေသကာကွယ်ရေးတပ်(YDF) ချင်းဒေသကာကွယ်ရေးတပ်(CDF) ပါဝင်သည့်ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ၏ စစ်အခြေစိုက်စခန်းဖြစ်သောကျောက်ပြုတ်ရွာသို့ နံနက်အစောပိုင်းမှ စတင်ချဉ်းကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကလေးမြို့ဘက်မှ စစ်ကူဖြည့်ရန်ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဟံသာဝတီရဲစခန်းနှင့်ကျောက်ပြုတ်ကြိုးတံတားနေရာများတွင် အထိုင်ချ၍ တိုက်ပွဲနေရာနှင့် အင်းကျွန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့၍ ပြည်သူများ မထိခိုက်စေရေးအတွက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၉ ရက်နှင့် ၂၁ ရက်နေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ PDF (Kalay) တပ်ဖွဲ့ဝင်သုံး ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရကာတစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ပြည်သူသို့ အသေးစိတ် ရှင်းပြထားသည်။

အကြမ်းဖက်စစ်‌ကောင်စီနှင့် ပျူစောထီးများက အောက်တိုဘာ ၂၃ ရက်နေ့တွင် အင်းကျွန်းရွာနှင့် ရေရှင်ရွာများသို့ဝင်ရောက်ပြီး အသက် ၄၅ နှစ်အရွယ် အပြစ်မဲ့ပြည်သူတစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်သွားသည်။ ထိုအပြင်ထလုံ၊ ရေရှင်၊ ငါးအိမ်စု ရွာများမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်းဖော်ပြထားသည်။

နယ်စပ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နှင့်မကွေတိုင်း(ယောဒေသ)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို တစ်ဖွဲ့ချင်းတိုက်ခိုက်နေသလို ၊ ပူးပေါင်း၍ တိုက်ခိုက်မှုများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။