Connect with us

Hi, what are you looking for?

သတင်း

နယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၄၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေး

ကနဦး အနေနဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာရှိတဲ့ သီရိလင်္ကာ သံရုံးကို အဆက်အသွယ်လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

နယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၄၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေး
နယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၄၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေး

People’s Spring

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေ ခံနေရသူ နိုင်ငံခြားသား ၄၀ နီးပါးဟာ ထိုင်းနိုင်ငံ နယ်စပ်ဖက်ခြမ်းကို ထွက်ပြေးလာခဲ့ကြောင်း သိရပါတယ်။

ထိုင်းသတင်းဌာန Khaosodရဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ဖော်ပြမှုမှာတော့ သီရိလင်္ကာ နိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှား ၁ ဦးနဲ့ ရိုမေးနီးယား ၁ ဦး၊ စုစုပေါင်း ၃၉ ယောက်ဟာ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ဖက်ကို ထွက်ပြေးလာတာလို့ ဖော်ပြထားပါတယ်။ သူတို့ဟာ မက်မောလောက်စရာ လုပ်ခလစာမျိုးနဲ့ လှည့်စားစည်းရုံး ခံရပြီး ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ခေါ်ယူမှု၊ အမြတ်ထုတ်မှုတွေကို ခံခဲ့ရတာလို့ အသီးသီး ထွက်ဆိုထားကြပါတယ်။

အဲဒီအဖွဲ့ဟာ မြန်မာဖက်ခြမ်းမှာရှိတဲ့ ကရင်ပြည်နယ်၊ မြဝတီဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ဘန်ဒွန်ချွိုင် ဧရိယာဖက်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ Thai PBS သတင်းဌာက ​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြမထားကြသေးပါဘူး။

နယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၄၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေး
နယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၄၀ နီးပါး ထိုင်းဖက်ကို ထွက်ပြေး

Khaosod ရဲ့ သတင်းမှာတော့ အဲဒီနိုင်ငံခြားသားတွေကို ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းပြီး ထရပ်ကားပေါ် တင်နေတာ တွေ့ရသလို ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီး တချို့ကိုလည်း မြင်ရပါတယ်။

ကနဦး အနေနဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာရှိတဲ့ သီရိလင်္ကာ သံရုံးကို အဆက်အသွယ်လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား- Khaosod ၊ Thai PBS

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။