Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ရန် တရားလိုရှေ့နေရုံးက လျှောက်ထား

မြန်မာစစ်ခေါင်းဆောင် မင်းအေင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို နိုင်ငံတကာရာဇဝတ်တရားရုံးတော်(ICC)၏ တရားသူကြီးများက ဆုံးဖြတ်မည်ဖြစ်သည်။

ICC မှ တရားလိုရှေ့နေ ကာရင်မ်အေအေခန်း
ICC မှ တရားလိုရှေ့နေ ကာရင်မ်အေအေခန်း
■ICC က ဖမ်းဝရမ်းထုတ်ပေးခဲ့ပါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဆီးရန် ကြိုးပမ်းမှု မှန်သမျှတွင် အနီးကပ်ညှိနှိုင်းဆောင်ရွက်မည်ဟု ရှေ့နေရုံးပြော

အီယိုရီ/People’s Spring

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ တရားလိုရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ပြန်ရန် ယနေ့(နိုဝင်ဘာ ၂၇ရက်)လျှောက်ထားကြောင်း ICC က ထုတ်ပြန်သည်။

လွတ်လပ်ကျယ်ပြန့်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် စစ်ခေါင်းဆောင်၊​ စစ်ကောင်စီ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစိတ်တပိုင်းအားဖြင့် ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ရိုဟင်ဂျာများအား အဓမ္မမောင်းထုတ်ခြင်းနှင့် ခွဲခြားဖိနှိပ်ခြင်းတို့ ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ယူဆရန် ခိုင်လုံသော အကြောင်းအရင်းများရှိသည်ဟု ICC တရားလိုရှေ့နေရုံးက ကောက်ချက်ချသည်။

အဆိုပါ ရာဇဝတ်မှုများကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အကြား၌ မြန်မာစစ်တပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရိုဟင်ဂျာမဟုတ်သော သာမန် အရပ်သူ အရပ်သားများ၏ အကူအညီတို့ဖြင့် ကျူးလွန်ခဲ့သည်ဟု ICC တရားလိုရှေ့နေရုံးက စွပ်စွဲသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်။
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်။

“ယခု လျှောက်ထားခြင်းသည် မြန်မာအစိုးရ ထိပ်တန်းအရာရှိတစ်ဦးအတွက် ဖမ်းဝရမ်းကို ကျွန်ုပ်၏ရုံးမှ ပထမအကြိမ် လျှောက်ထားခြင်း ဖြစ်သည်။ ထပ်မံ လျှောက်ထားမှုများ လာဦးမည် ဖြစ်သည်” ဟု ICC တရားလိုရှေ့နေ ကာရင်မ်အေအေခန်း(ကေစီ)က ဆိုသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ရုတ်တရက် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နောက်ဆက်တွဲ စွန့်ခွာပြေးမှုများအတွက် ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်မှစ၍ အထက်ပါ ICC တရားလိုရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ICC တရားလိုရှေ့နေရုံး၏ ယနေ့လျှောက်ထားချက်သည် အတွင်းလူ သက်သေများစွာ၏ ထွက်ဆိုချက်များ ပါဝင်သော သက်သေထွက်ဆိုချက်များ၊ သတင်းမှတ်တမ်းဆိုင်ရာသက်သေ အထောက်အထားများနှင့် စစ်မှန်ကြောင်း အတည်ပြုပြီးသော သိပ္ပံနည်းကျအချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယို အချက်အလက်များ ကဲ့သို့သော မြောက်မြားလှသည့် အရင်းအမြစ်များထဲမှ ကျယ်ပြန့်စုံလင်သော သက်သေ အထောက်အထားများကို အခြေခံထားခြင်းဖြစ်ကြောင်း အသိပေးသည်။

မြန်မာစစ်ခေါင်းဆောင် မင်းအေင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို နိုင်ငံတကာရာဇဝတ်တရားရုံးတော်(ICC)၏ တရားသူကြီးများက ဆုံးဖြတ်မည်ဖြစ်သည်။

ICCမှ တရားလိုရှေ့နေရုံးက တောင်းခံသောဝရမ်းကို တရားရုံး၏ အမှီအခိုကင်းသော တရားသူကြီးများက ထုတ်ပေးခဲ့ပါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဆီးရန် ကြိုးပမ်းမှု မှန်သမျှတွင် တရားရုံး၏ မှတ်ပုံတင်အရာရှိနှင့် အထက်ပါရှေ့နေရုံးက အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။