Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတပ်ပေါင်းစည်းရေး ရှေ့ရှုလုပ်ဆောင်နေသော်လည်း RCSSတိုက်ခိုက်မှုများလုပ်နေဟု SSPP ထုတ်ပြန်

ရှမ်းတပ်ဖွဲ့နှစ်ခုသည် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် တပ်ဖွဲ့များဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုမရှိပေ။

(RCSSနှင့် SSPPတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RCSS၊ SSPP)
(RCSSနှင့် SSPPတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RCSS၊ SSPP)

▪️ဟိုပုံးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကို RCSS သတ်ဖြတ်ဟုဆို

ဟန်နွေ/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ရှမ်းတပ်နှစ်ခု ပေါင်းစည်းရေး ရှေ့ရှုလုပ်ဆောင် နေချိန်တွင် RCSSဘက်က SSPP တပ်စခန်းများ တိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို အကြိမ်ကြိမ် တိုက်ခိုက်သတ်ဖြတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း SSPPက ယနေ့(ဒီဇင်ဘာ ၁ရက်)တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စုရှိ အသက် (၂၈)နှစ်အရွယ်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်သူ စိုင်းစံအောင်ဆိုသူကို RCSSတပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး စိုင်းစံအောင်၏ တွဲဖက်စာရေး စိုင်းပန်တိကို ဖမ်းဆီးသွားကြောင်း ဖော်ပြထားသည်။

(RCSSနှင့် SSPPတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RCSS၊ SSPP)
(RCSSနှင့် SSPPတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – RCSS၊ SSPP)

လက်ရှိအချိန်ကာလသည် ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်ပြီး အမြန်ဆုံးပေါင်းစည်းနိုင်ရန် ရှမ်းပြည်သူလူထုမှ ကြားဝင်စေ့စပ်ပေးနေစဉ်ကာလဖြစ်ကြောင်း၊ ရှမ်းတပ်နှစ်ဖွဲ့ ပေါင်း စည်းနိုင်ရေးအတွက် ရှေးရှူ့ကာနှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် SSPP/SSAအနေဖြင့် ထိန်းသိမ်းခဲ့သော်လည်း RCSSတပ်ဖွဲမှ အခွင့်ကောင်းအဖြစ် အသုံးချပြီး တိုက်ခိုက်နေကြောင်း SSPPက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသူ စိုင်းစံအောင်နှင့် ဖမ်းဆီးခံရသူ စိုင်းပန်တိတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာတွင်နေထိုင်ပြီး အများပြည်သူ ကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု SSPPက ထုတ်ပြန်သည်။

RCSSသည် နိုဝင်ဘာ ၂၅ရက်ကလည်း မိုင်းကိုင် မြို့နယ်ရှိ SSPP တပ်စခန်းငယ် ၂ခုကို တိုက်ခိုက်ခဲ့ပြီး SSPPတပ်ဖွဲ့ဝင် ၈ဦးကို ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ကျေးရွာကော်မတီဝင် တစ်ဦးကို RCSSက သတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့သွားကြောင်း SSPPက ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်အပါအဝင် SSPPနှင့် ပဋိပက္ခဖြစ်ပွားနေမှုအခြေအနေများကို RCSSဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

RCSSနှင့် SSPPတို့သည် ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းတွင် အပစ်ရပ်စဲကြောင်း ပူးတွဲထုတ်ပြန်ထားရာ တစ်နှစ်ပြည့်ပြီဖြစ်သည်။ သို့ရာတွင် ၂၀၂၄ နှစ်ဆန်းမှစ၍ နှစ်ဖက်အကြား ပဋိပက္ခနှင့် တိုက်ပွဲအချို့ ဆက်ရှိနေသည်။

အဆိုပါ ရှမ်းတပ်ဖွဲ့နှစ်ခုသည် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် တပ်ဖွဲ့များဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။

သတင်း

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။