Connect with us

Hi, what are you looking for?

News

SNLDနှစ်ပတ်လည်နေ့သို့ NLD သဝဏ်လွှာပို့၊ ဖက်ဒရယ်ဒီမိုကရေစီရေး မိတ်ဖက်ပါတီများနှင့် ဆက်၍လက်တွဲမည်ဟုဖော်ပြ

SNLDသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး အာဏာမသိမ်းမီက ရွေးကောက်ပွဲအနိုင်ရ NLDပါတီနှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ ပါတီတည်ထောင်ခြင်း (၃၃)နှစ်မြောက်နေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးပို့သည်။

ယနေ့(အောက်တိုဘာ ၂၆ရက်)ကျရောက်သည့် SNLD နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် NLD ၏ သဝဏ်လွှာတွင် SNLDသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ SNLD သည် (၃၃)နှစ်တာ ကာလပတ်လုံး နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်အရေးတို့အတွက် NLD၊ အခြားသော ညီနောင်ပါတီများနှင့် အတူ လက်တွဲ ဆောင်ရွက်ခဲ့ သည့် သမိုင်းအစဉ်အလာကြီးသည့် ပါတီတစ်ရပ် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မိတ်ဖက်ပါတီများနှင့်တူ ဆက်၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြောင်း NLD၏ သဝဏ်လွှာတွင်ပါရှိပြီး SNLD အဓွန့်ရှည်ပါစေကြောင်း လေးနက်စွာဆန္ဒပြုသည်ဟု ဖော်ပြထားသည်။

SNLDသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး အာဏာမသိမ်းမီက ရွေးကောက်ပွဲအနိုင်ရ NLDပါတီနှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

SNLD ၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း ပါတီ နှစ်ပတ်လည်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့မှုများ အပေါ်ကြိုဆိုရမည်ဖြစ်ကြောင်း ပြောကြားသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင် စုတည်ထောင်ရေး ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန်မတူသော်လည်း ရည်မှန်းချက်တူ၍ တစ်ချိန်မဟုတ် တစ်ချိန် တွေ့ဆုံမှုများ လုပ်ဆောင်ကြရမည်ဟု ဦးစိုင်းလိတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။