Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အစုလိုက် နုတ်ထွက်ဖို့ လိုလားနေကြတယ်လို့ဆို

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ရုတ်တရက် ကြေညာခဲ့ခြင်းနဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေအပြီး တောင်ကိုရီးယား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေဟာ ရာထူးက နုတ်ထွက်ဖို့ လိုလားနေကြောင်း သိရပါတယ်။

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ရုတ်တရက် ကြေညာခဲ့ခြင်းနဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေအပြီး တောင်ကိုရီးယား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေဟာ ရာထူးက နုတ်ထွက်ဖို့ လိုလားနေကြောင်း သိရပါတယ်။

သမ္မတ ယွန်ဆွတ်ခ်ယောက ရန်သူတော် မြောက်ကိုရီးယားနဲ့ ဆက်နွှယ်သူတွေ၊ နိုင်ငံရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလားသူတွေဟာ အစိုးရ ယန္တရားကို အနှောင့်အယှက် ပေးနေပြီး အဲဒီအင်အားစုတွေကို ရှင်းလင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး အရေးပေါ် အမိန့်ကို ကြေညာခဲ့တာပါ။

ဒါပေမဲ့ ပြည်သူတွေရဲ့ အပြင်းအထန် ကန့်ကွက်မှုရော၊ လွှတ်တော်က အဲဒီ အမိန့်ကို မဲခွဲဆုံးဖြတ်ချက်နဲ့ ပယ်ချခဲ့မှုနဲ့ရော ကြုံခဲ့တဲ့နောက် ယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို သက်တမ်း ၆ နာရီ အကြာမှာ ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီကိစ္စနောက်ပိုင်း အတိုက်အခံ အင်အားစုတွေက ယွန်ကို တရားဝင် ပြစ်တင်စွပ်စွဲပြီး ရာထူးကနေ နုတ်ထွက်စေရေး ဖိအားပေးဖို့ စတင် လုပ်ဆောင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ အစိုးရအဖွဲ့ ဝန်ကြီးတွေရော၊ သမ္မတရဲ့ အနီးကပ် အကြံပေးတွေကပါ အခုပြဿနာကို အကြောင်းပြုပြီး ရာထူးကနေ အသီးသီး နုတ်ထွက်ကြဖို့ လိုလိုလားလား ရှိနေတယ်လို့ အာဏာရ ပြည်သူ့အင်အား ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နောက်ပြီး ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်ကလည်း ကာကွယ်ရေး ဝန်ကြီး ကင်မ်ယောင်ဟွန်ကို ရာထူးက ထုတ်ပယ်သင့်ကြောင်း ဝေဖန်ခဲ့ပြီး အစိုးရအဖွဲ့ တစ်ရပ်လုံးက အခုဖြစ်ရပ်မှာ တာဝန်ယူ နုတ်ထွက်ပေးသင့်ကြောင်း ဝေဖန်ထားပါတယ်။

အတိုက်အခံပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော်က အစိုးရအပေါ် ဖိအားပေးမှုတွေ ပြင်းထန်လာတာကို တန်ပြန်ဖို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာဖို့ ကာကွယ်ရေး ဝန်ကြီးက ယွန်ကို အဆိုပြုခဲ့တာလို့ တောင်ကိုရီးယား မီဒီယာတချို့က ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ သမ္မတယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ချက်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။ သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေဆီက ပြင်းထန်တဲ့ ဆန့်ကျင်မှုကို ကြုံခဲ့ရုံသာ မကဘဲ ကိုယ်စားပြု ပါတီကပါ မထောက်ခံတဲ့အတွက် ယွန်ရဲ့ နိုင်ငံရေး အနာဂတ်ဟာ အတော်ကြီး စိုးရိမ်စရာ ဖြစ်လာပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။