Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တစ်နေကုန်နီးပါး မီးပြတ်တောက်နေ

စစ်ကောင်စီခေါင်းဆောင်ဟာ ပြင်ဦးလွင်ကနေ မန္တလေးမြို့ကိုလည်း လာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

(NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်းက မန္တလေးမြို့ညပိုင်းမြင်ကွင်း။ဓါတ်ပုံ-CJ)
(NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်းက မန္တလေးမြို့ညပိုင်းမြင်ကွင်း။ဓါတ်ပုံ-CJ)

ဆိုင်းမင်း၊ ရှိန်း /People’s Spring

စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကိုတက်ရောက်ဖို့ ပြင်ဦးလွင်မြို့ဆီ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ရောက်ရှိနေချိန် မန္တလေးမြို့ မှာ တစ်နေ့ကုန် နီးပါး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနေ့ ဒီဇင်ဘာလ ၄ ရက်ညပိုင်း၁၀ နာရီ က စတင်ပြီး မီးပြတ်သွားရာမှာ ဒီနေ့ ညပိုင်း ၇ နာရီခွဲအချိန် ထိ မီးမလာသေးဘူးလို့ မဟာအောင်မြေမြို့နယ် က အသက် ၅၀ အရွယ် အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

ဒီနေ့မှာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီ ရုံးနေရာတွေကလွဲပြီး ရပ်ကွက်တွေမှာတစ်နေကုန်နီးပါး မီးပြတ်နေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန်အားဖြင့် မန္တလေးမှာ လျှပ်စစ်မီး တစ်နေ့ကို ၆ နာရီ​ထက်မနည်း ရရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အခုလို မန္တလေးမှာ မီးပြတ်တောက်တာဟာ ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင် ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပြင်ဦးလွင်မြို့မှာ​တော့ မီးမပျက်တာ ၂ ရက်ရှိပြီလို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

ပြင်ဦးလွင်မှာ စစ်တက္ကသိုလ် (DSA)ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၆ ရက်နဲ့ စစ်တပ် နည်းပညာတက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၁၂ ​ရက်မှာကျင်းပဖို့ ရှိနေတာလို့ စုံစမ်းသိရပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကျပ်ထားပြီး မြို့ဝင်ပေါက်နေရာတွေမှာ ရွေ့လျား X-Rayစက်တွေနဲ့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ကင်းပုန်းတွေထားပြီး စောင့်ကြည့်နေပြီး ၁၆မိုင်စစ်ဆေးရေးဂိတ်၊ ဇီးပင်ကြီး စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်နဲ့တကွတိုက်ဆိုင်စစ်ဆေးနေသလို ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ခရီးသွားတွေထံကနေသိရပါတယ်။

ပြင်ဦးလွင်မြို့တွင်းမှာလည်း လမ်းတိုင်းမှာ ရဲအင်အားအပြည့်လုံခြုံရေးချထားပြီး မြို့အဝင်အထွက်တွေလည်းစစ်ဆေးတာတွေရှိနေတယ်လို့သိရပါတယ်။

“မေမြို့တော့ လာမနေပါနဲ့ဟယ်။အလကားနေရင်း သူရှိတာနဲ့ငါတို့ပါရှော့တိုက်ဒုံးနဲ့ အပစ်ခံနေရမယ်”လို့ ​ဒေသခံတစ်ဦးက​ပြောပါတယ်။

မြို့ခံတဦးရဲ့ပြောကြားချက်အရ မနေ့က(ဒီဇင်ဘာ ၃ ရက်) နေ့လည်၂နာရီကျော်မှာ ပြင်ဦးလွင်မြို့ပေါ်ကနေ ကားအစီးရေ၆၀ကျော်လောက်ပါတဲ့ ယာဥ်တန်း အနီးစခန်းလေယာဥ်ကွင်းကိုသွားတာတွေ့ရပြီး အာဏာသိမ်း​ခေါင်းဆောင်ကိုကြိုဆိုတဲ့ယာဥ်တန်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က DSA ကျောင်းဆင်းပွဲကို ဒီဇင်ဘာ၁ရက်နေ့မှာပြုလုပ်မယ်လို့ သတင်းလွှင့်ခဲ့ပြီး၈ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အရင်နှစ် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲထက် ပြင်ဦးလွင်မြို့ကို လုံခြုံရေးတင်းကျပ်ထားပြီး စစ်သား ၊ ရဲ၊ ပျုစောထီး နဲ့ ယာဥ်ထိန်းအင်အား အများအပြား အသုံးပြုထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ပြင်ဦးလွင်ကနေ မန္တလေးမြို့ကိုလည်း လာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook