Connect with us

Hi, what are you looking for?

သတင်း

ကလေးအကျဥ်းထောင်၌ အကျဉ်းသားများအား အခန်းခဟုဆိုကာ ကျပ်သိန်းချီတောင်းနေ

အခြားထောင်အချို့တွင်လည်း ယခုကဲ့သို့ ငွေကြေးကောက်ခံမှုမျိုး ကြုံဖူးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

(ကလေးအကျဥ်းထောင်အား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ကလေးအကျဥ်းထောင်အား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးအကျဥ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံ အခန်းခဟုဆိုကာ ကျပ်သိန်းချီတောင်းရမ်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကလေးအကျဉ်းထောင်တွင် အကျဥ်းသားများအား အခန်းခအဖြစ် ကျပ် ၃သောင်းမှ ကျပ် ၂သိန်းအထိ တောင်းခံနေပြီး ငွေကြေးမတတ်နိုင်ပါက မကောင်းမွန်ခြင်းမရှိသော အခန်းများတွင် နေထိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်သည်။

ထို့အပြင် အခြားထောင်အချို့တွင်လည်း ယခုကဲ့သို့ ငွေကြေးကောက်ခံမှုမျိုး ကြုံဖူးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ထောင်တိုင်းမှာဖြစ်နေလားဆိုတာတော့ ကျွန်တော်တို့မှာ Data(အချက်အလက်)မရှိတဲ့အတွက် ပြောရခက်တယ်။ လက်ရှိ ကလေးအကျဥ်းထောင်မှာလည်း ဒီလိုတွေရှိသလို မြင်းခြံ၊ ဟင်္သာတ၊ ကျိုက်မရောမှာဖြစ်ခဲ့တယ်။ ဖျာပုံထောင်၊ မြောင်းမြထောင်တွေမှာဖြစ်ခဲ့တာရှိတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

အခန်းခမပေးနိုင်ပါက အလုပ်များမကြာခဏခိုင်းလေ့ရှိပြီး အကျဥ်းသား ကိုအေးချမ်းအောင်ဆိုသူမှာ အလုပ်ကြမ်းလုပ်ရင်း အမောဖောက် သေဆုံးသည့်ဖြစ်စဉ်ဖြစ်ခဲ့ဖူးကြောင်း PPNMက ဆိုသည်။

ထို့အပြင် ရောဂါအခံရှိသူများကိုပင် အလုပ်မလုပ်ပါက လျှော့ရက်‌ဖြတ်မည်ဟု ခြိမ်းခြောက်ကာ အလုပ်ကြမ်းများ ခိုင်းနေကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြစ်မှုကြီးကျူးလွန်ထားသူများအား အုပ်ချုပ်‌စေခိုင်းထားပြီး ကိုယ်ထိလက်ရောက် ကျူးလွန်စေခြင်း၊ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်စေခိုင်းထားကြောင်း PPNMက ထပ်မံအသိပေးသည်။

ကလေးအကျဉ်းထောင်တွင်းမှ ထောင်ပိုင် အောင်မိုးဝင်း၊ ထောင်ပိုင်လေး ချိုမင်းလတ်နှင့် တန်းစီးချုပ် ကျော်နိုင်လင်း(ခ)ရခိုင်တို့က နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားများအား ဖိနှိပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ကလေးထောင်တွင် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)တပ်ဖွဲ့ဝင်အချို့ အပါအဝင် ခုနစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။