Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရစ္စမတ် ပျော်ပွဲရွှင်ပွဲမှာ စုပြုံတိုးဝှေ့ကြရာက နိုက်ဂျီးရီးယား ကလေးငယ် ၃၅ ဦးထက်မနည်း သေဆုံး

နိုက်ဂျီးရီးယား နိုင်ငံမှာ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တစ်ခုမှာ ကလေးတွေ စုပြုံတိုးဝှေ့ရာက အချင်းချင်း တက်နင်းမိကုန်ပြီး ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမှာ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တစ်ခုမှာ ကလေးတွေ စုပြုံတိုးဝှေ့ရာက အချင်းချင်း တက်နင်းမိကုန်ပြီး ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က နိုက်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ အီဘာဒန်မြို့မှာ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲ ကျင်းပရင်း ငွေသားတွေ ဝေငှပေးမယ် ဆိုတာကြောင့် ကလေးတွေ အလုအယက် တိုးဝှေ့ခဲ့ကြတာပါ။

အဲဒီ ဖြစ်ရပ်ကြောင့် ကလေး ၃၅ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ထပ် ၆ ဦး ဆေးရုံတက်နေရတယ်လို့ မြို့ခံ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ပွဲကျင်းပသူတွေက ငွေကြေးနဲ့ အစားအသောက်တွေ ဝေငှပေးမယ်လို့ ကြိုတင် ကြေညာထားခဲ့တဲ့နောက် ကလေးတွေက အဲဒီလို ဝေငှပေးမယ့် ယာယီရွက်ဖျင်တဲတွေ နေရာဆီ အလုအယက် တိုးကြိတ်ကြရင်း လဲပြိုကုန်ပြီး အချင်းချင်း နင်းမိကုန်ကြတာပါ။

Public Service Announcement

Public Service Announcement

ခရစ္စမတ် လက်ဆောင်အဖြစ် ကလေးစုစုပေါင်း ၅၀၀၀ ကို မုန့်ဖိုးပေးမယ်လို့ ပြောကြားထားပေမယ့် လူစုလူဝေးက ၁၀၀၀၀ လောက်ထိ များပြားနေခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ အဲဒီနောက် ပွဲစီစဉ်သူတွေ ရောက်လာချိန်မှာ ပြုံပြီး တိုးဝှေ့ကြရာက လူ့အသက်တွေ ဆုံးရှုံးရတဲ့ထိ မလိုလားစရာ အခြေအနေဆိုးတွေဆီ ဦးတည်သွားခဲ့တာပါ။

ရဲတွေက လောလောဆယ်မှာ ပွဲစီစဉ်သူတွေထဲက ၈ ဦးကို ဖမ်းဆီးထားတယ်လို့ အတည်ပြုပါတယ်။ အဲဒီထဲမှာ မြို့မျက်နှာဖုံး တစ်ဦးဖြစ်တဲ့ နာအိုမီ ဆီလက်ကူနိုလာလည်း ပါဝင်ပါတယ်။

အီဘာဒန်မြို့ တည်ရှိရာ အိုယိုပြည်နယ်ရဲ့ အစိုးရက စာသင်ကျောင်း ခန်းမဆောင် တစ်ခုမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်ဆိုးအပြီး ဒဏ်ရာရတဲ့ ကလေးတွေကို မြို့အနှံ့က ဆေးရုံတွေဆီ တင်ပို့ထားတယ်လို့ ပြောပါတယ်။

ပွဲစီစဉ်သူတွေက ကလေး တစ်ယောက်စီကို နိုက်ဂျီးရီးယား နိုင်ရာငွေ ၅၀၀၀ စီ ဝေငှသွားမယ်လို့ ကြိုတင်ကတိပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် ၃ ဒေါ်လာလောက် ငွေကြေးနဲ့ ညီမျှတဲ့ ပမာဏပါ။

နိုက်ဂျီးရီးယားဟာ ဆယ်စုနှစ် တော်တော်များများအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုနှစ်ထဲမှာ လူတွေ စုပြုံတိုးဝှေ့မှုတွေကြောင့် သေဆုံးတဲ့ ပုံစံတူ ဖြစ်စဉ်တွေလည်း နိုက်ဂျီးရီးယားမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မတ်လတုန်းက အဘူဂျာ မြို့တော်နားမှာရှိတဲ့ ကက်ဖီမြို့ရဲ့ နာဆာရာဝါ တက္ကသိုလ်မှာ ဆန်ဝေရင်း လူတွေ တိုးဝှေ့ရာက ကျောင်းသူနှစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၃ ရက်အကြာမှာတော့ ဘော်ချီ ပြည်နယ်မှာ ငွေသား ၅၀၀၀ နိုင်ရာစီ ဝေငှပေးရာက စုပြုံတိုးဝှေ့ကြလို့ ၇ ဦး သေဆုံးခဲ့ကြပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း လားဂို့စ်မှာ အာဏာပိုင်တွေက ဖမ်းဆီးရမိထားတဲ့ မှောင်ခို ဆန်အိတ်တွေကို လေလံတင်တဲ့အချိန် လူတွေ တိုးဝှေ့ကြပြီး ၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကက်သလစ် ခရစ်ယာန် ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ စုစုပေါင်း ၃၀၀ ကျော်လောက် အဓမ္မ ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်အပြီး နိုက်ဂျီးရီးယားမှာ လုံခြုံရေး အခြေအနေ စိုးရိမ် ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံ ပိုင်နက်ထဲမှာ ခရစ်ယာန်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေပြီး အမေရိကန်ကိုယ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်လာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ပြည်တွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယား လေတပ်က ပစ်မှတ်မှားယွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။