Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စွဲရာ ၁၂နေရာကို ချင်းညီနောင်သိမ်းပိုက်

ချင်းညီနောင်အနေဖြင့် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၉ရက်မှစတင်ကာဖလမ်းနှင့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

(မင်းတပ် ၊ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် လက်နက်ချ​သော စစ်သုံ့ပန်းများ။ဓါတ်ပုံ-ချင်းညီ​နောင်)
(မင်းတပ် ၊ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် လက်နက်ချ​သော စစ်သုံ့ပန်းများ။ဓါတ်ပုံ-ချင်းညီ​နောင်)

■စစ်သုံ့ပမ်း ၁၇၀ နီးပါးနှင့်လက်နက်ခဲယမ်းများစွာရဟု အသိပေး

■လက်ကျန်စခန်းများကို သိမ်းပိုက်နိုင်သည်အထိဆက်လက်ထိုးစစ်ဆင်မည်

ဟန်နွေ/People’s Spring

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ဖော်ဆောင်လျက်ရှိသော မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်စွဲရာ ၁၂နေရာထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းညီနောင်က အသိပေးထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၉ရက်မှစတင်ကာဖလမ်းနှင့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအတွင်း မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၇နေရာသိမ်းရပြီး စစ်သုံ့ပမ်း ၁၂၃ ဦးနှင့် စစ်ကောင်စီတပ်မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ဦး လက်နက်ချခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီက အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ဟု ထုတ်ပြန်သည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကျန်ရှိနေသည့် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်း နှင့် ခလရ (၂၇၄)တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၁၂၃) ဦး နှင့်အတူ ၎င်းတို့၏မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြကြောင်း အသိပေးသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်းစစ်ကောင်စီတပ်ဖွဲ့များ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၊အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၄၅)ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ လက်နက်ချခဲ့သည်ဟု ထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဟုလည်း ​ကြေညာသည်။

ထို့ပြင် မဟာမိတ်အင်အားစုများနှင့်အတူ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်စေရေး၊ အကြမ်းဖက်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

ချင်းညီ​နောင် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်များသည် ကျင်​ဒွေးမြို့နှင့် မတူပီ မြို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်