Connect with us

Hi, what are you looking for?

သတင်း

မြို့ကြီးသုံးမြို့တွင် တမနက်တည်းဓားပြတိုက်၊ လူသတ်မှုသုံးမှုဖြစ်ပြည်သူနှစ်ဦး​သေဆုံး

မုံရွာမြို့တွင်လည်း ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ယနေ့နံနက်ပိုင်း၌ဖြစ်ခဲ့သည်။

(မန္တ​လေးမြို့လယ် ၊နဂါးနန်းတော် စိန်ရွှေရတနာဆိုင်တွင်ဓါးပြတိုက်မှုဖြစ်ပွားပြီး စစ်သားများ​ရောက်ရှိလာစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)
(မန္တ​လေးမြို့လယ် ၊နဂါးနန်းတော် စိန်ရွှေရတနာဆိုင်တွင်ဓါးပြတိုက်မှုဖြစ်ပွားပြီး စစ်သားများ​ရောက်ရှိလာစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)

မိထက်/People’s Spring

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး သုံးမြို့ဖြစ်​သော ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့တွင် ယ​နေ့(ဒီဇင်ဘာ လ၂၆ရက်)နံနက်ပိုင်း ၌ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့သည်။

ရန်ကုန်မြို့တွင် ဗဟန်းမြို့နယ်၊ ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်၊ ဆရာစံလမ်းရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး ဆိုင်ရှင်အမျိုးသမီးကိုဓါးဖြင့်ထိုးခဲ့သည်။

“ဆွဲကြိုးကို ဝင်လုတာ။ ပြန်လုတော့ ဓားနဲ့ထိုးပြေးတာ။ လူအုပ်လိုက်ကြီး တွေ့ခဲ့တယ်။ ရဲတွေလည်းတွေ့တယ်။ တရားခံမိ၊ မမိမသိဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဓားဖြင့်အထိုးခံရသူအမျိုးသမီး သေဆုံးသွားခဲ့သည်။

မန္တလေးမြို့တွင် ဒိုင်းမွန်းပလာဇာအနီးမှ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက်၈ နာရီ ၅၀ မိနစ်ခန့်၌ ဓားပြတိုက်ခံရသည်။ရွှေ ၁ ပိဿာနှင့် ငွေကျပ်သိန်း ၃၀ပါသွားကြောင်း ကနှစ်ဦးသတင်းရရှိထားသည်။ ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့သည်။

မုံရွာမြို့တွင်လည်း ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ယနေ့နံနက်ပိုင်း၌ဖြစ်ခဲ့သည်။

မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက် မန်ကျည်းပင်စျေးအနီး၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့သည်။အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လုယက်သွားခြင်းဖြစ်ကြောင်းသိရပြီး မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားခံများအား ကိုယ့်‌နယ်မြေအတွင်းတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး အကြောင်းကြားရန်မုံရွာမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့( ပလဖ)က အသိပေးထားသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး မန္တလေးမြို့သည်မြန်မာနိုင်ငံ၏ဒုတိယမြို့တော်ဖြစ်သည်။ နှစ်မြို့စလုံးကို စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်သည်။ မုံရွာမြို့သည် စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်ပြီး တော်

လှန်ရေးအင်အားသူများရော စစ်ကောင်စီကပါ ထိန်းချုပ်ထားသည်။ မြို့ပေါ်နေရာအများစုကိုမူ စစ်ကောင်စီကထိန်းချုပ်ထားသည်။ မြို့ကြီးသုံးမြို့တွင် နာရီပိုင်းအတွင်းဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အန္တ​လေးမြို့တွင် ဓါးပြတိုက်ခံရ​သောနဂါးနန်းတော် စိန်ရွှေရတနာဆိုင် တည်နေရာသည် စစ်ကောင်စီတပ်အထိုင်ချထားသည့် မန္တလေးဘူတာကြီး နှင့် ၃ ပြခန့်သာ ကွာဝေးပြီး လူသွားလူလာများသည့် ဆေးရုံကြီး၊ ရတနာပုံစျေးတို့နှင့် မနီးမဝေးတွင် တည်ရှိသည်။

“စစ်သားတွေတော့ တွေ့ခဲ့တယ်။သေနတ်အရှည်ကိုင်ပြီး ပြောင်ပြောင်တင်းတင်းဝင်တိုက်သွားတာတဲ့။မြို့ထဲသေနတ်ရှည်ကိုင်ရဲတဲ့သူက သူတို့လူ(စကစ)တွေပဲရှိတာပဲ “ဟု မြို့ခံတစ်ဦးက ​ပြောသည်။

ထို့အပြင်မန္တလေးမြို့လယ်ခေါင်တွင် ရှစ်ရက်အတွင် သုံးကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။