Connect with us

Hi, what are you looking for?

သတင်း

မြို့ကြီးသုံးမြို့တွင် တမနက်တည်းဓားပြတိုက်၊ လူသတ်မှုသုံးမှုဖြစ်ပြည်သူနှစ်ဦး​သေဆုံး

မုံရွာမြို့တွင်လည်း ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ယနေ့နံနက်ပိုင်း၌ဖြစ်ခဲ့သည်။

(မန္တ​လေးမြို့လယ် ၊နဂါးနန်းတော် စိန်ရွှေရတနာဆိုင်တွင်ဓါးပြတိုက်မှုဖြစ်ပွားပြီး စစ်သားများ​ရောက်ရှိလာစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)
(မန္တ​လေးမြို့လယ် ၊နဂါးနန်းတော် စိန်ရွှေရတနာဆိုင်တွင်ဓါးပြတိုက်မှုဖြစ်ပွားပြီး စစ်သားများ​ရောက်ရှိလာစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)

မိထက်/People’s Spring

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး သုံးမြို့ဖြစ်​သော ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့တွင် ယ​နေ့(ဒီဇင်ဘာ လ၂၆ရက်)နံနက်ပိုင်း ၌ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့သည်။

ရန်ကုန်မြို့တွင် ဗဟန်းမြို့နယ်၊ ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်၊ ဆရာစံလမ်းရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး ဆိုင်ရှင်အမျိုးသမီးကိုဓါးဖြင့်ထိုးခဲ့သည်။

“ဆွဲကြိုးကို ဝင်လုတာ။ ပြန်လုတော့ ဓားနဲ့ထိုးပြေးတာ။ လူအုပ်လိုက်ကြီး တွေ့ခဲ့တယ်။ ရဲတွေလည်းတွေ့တယ်။ တရားခံမိ၊ မမိမသိဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဓားဖြင့်အထိုးခံရသူအမျိုးသမီး သေဆုံးသွားခဲ့သည်။

မန္တလေးမြို့တွင် ဒိုင်းမွန်းပလာဇာအနီးမှ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက်၈ နာရီ ၅၀ မိနစ်ခန့်၌ ဓားပြတိုက်ခံရသည်။ရွှေ ၁ ပိဿာနှင့် ငွေကျပ်သိန်း ၃၀ပါသွားကြောင်း ကနှစ်ဦးသတင်းရရှိထားသည်။ ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့သည်။

မုံရွာမြို့တွင်လည်း ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ယနေ့နံနက်ပိုင်း၌ဖြစ်ခဲ့သည်။

မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက် မန်ကျည်းပင်စျေးအနီး၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့သည်။အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လုယက်သွားခြင်းဖြစ်ကြောင်းသိရပြီး မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားခံများအား ကိုယ့်‌နယ်မြေအတွင်းတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး အကြောင်းကြားရန်မုံရွာမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့( ပလဖ)က အသိပေးထားသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး မန္တလေးမြို့သည်မြန်မာနိုင်ငံ၏ဒုတိယမြို့တော်ဖြစ်သည်။ နှစ်မြို့စလုံးကို စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်သည်။ မုံရွာမြို့သည် စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်ပြီး တော်

လှန်ရေးအင်အားသူများရော စစ်ကောင်စီကပါ ထိန်းချုပ်ထားသည်။ မြို့ပေါ်နေရာအများစုကိုမူ စစ်ကောင်စီကထိန်းချုပ်ထားသည်။ မြို့ကြီးသုံးမြို့တွင် နာရီပိုင်းအတွင်းဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အန္တ​လေးမြို့တွင် ဓါးပြတိုက်ခံရ​သောနဂါးနန်းတော် စိန်ရွှေရတနာဆိုင် တည်နေရာသည် စစ်ကောင်စီတပ်အထိုင်ချထားသည့် မန္တလေးဘူတာကြီး နှင့် ၃ ပြခန့်သာ ကွာဝေးပြီး လူသွားလူလာများသည့် ဆေးရုံကြီး၊ ရတနာပုံစျေးတို့နှင့် မနီးမဝေးတွင် တည်ရှိသည်။

“စစ်သားတွေတော့ တွေ့ခဲ့တယ်။သေနတ်အရှည်ကိုင်ပြီး ပြောင်ပြောင်တင်းတင်းဝင်တိုက်သွားတာတဲ့။မြို့ထဲသေနတ်ရှည်ကိုင်ရဲတဲ့သူက သူတို့လူ(စကစ)တွေပဲရှိတာပဲ “ဟု မြို့ခံတစ်ဦးက ​ပြောသည်။

ထို့အပြင်မန္တလေးမြို့လယ်ခေါင်တွင် ရှစ်ရက်အတွင် သုံးကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ် မရမ်းကုန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ မန္တလေး တက္ကသိုလ် ဘေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြ တိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။