Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးဘက်သို့လာ​သော စစ်တပ်ယာဥ်တန်းကို KIA တိုက်ခိုက်

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။

စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-File Photo

အိမ်သွင်/People’s Spring

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၃ ရက် ​နေ့ခင်းပိုင်းတွင် မြစ်ကြီးနားမြို့မှထွက်လာပြီး ဝိုင်း‌မော်မြို့ကို ဖြတ်၍ ဆဒုံးမြို့ဘက်သို့ ဦးတည်မောင်းနှင်နေသည့် စစ်ကောင်စီကားလေးစီးကို ဝိုင်း‌မော်-ဆဒုံး – ကန်ပိုင်တီလမ်းပိုင်းမှ နန်‌ဇော်ယန်ရွာလမ်းပိုင်းတွင် KIA နှင့်ပူး​ပေါင်းတပ် တိုက်ခိုက်ခြင်းဟု ဒေသခံတဦးကပြောသည်။

“ဒီရက် KIAဘက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာ ငြိမ်နေတော့ ‌ သွေးတိုးစမ်းပြီး တက်လာတဲ့သဘောပဲ။ ဒီနေ့ချတာတော့ ကြမ်းတယ်။ ညနေကနေစပစ်တာ ည ၈နာရီလောက်မှ ရပ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ညဘက်ဖြစ်နေခြင်းနှင့် လမ်းပိုင်းအသုံးပြုခွင့်ကိုကန့်သတ်ထားသောကြောင့် တိုက်ပွဲအတွင်းထိခိုက်မှုအခြေအနေများကိုမသိရှိရသေးပေ။

ဆဒုံးမြို့သည် ပြီးခဲ့သည့် နိုဝင်ဘာလက KIA သိမ်းယူခဲ့သည့် ကချင်အထူးဒေသ(၁) ထဲ‌တွင်ပါဝင်သည်။ KIAသည် ဆဒုံး၊ ကန်ပိုက်တီ၊ ချီ‌ဖွေ၊ ဆော့လော်၊ ဖီမော်၊ပန်ဝါတို့ပါဝင်သည် ကချင်အထူးဒေသ(၁)တစ်ခုလုံးကို သိမ်းယူထားသည်။ကချင်အထူးဒေသ(၁)တွင် ဝိုင်းမော်မြို့နယ်မှ ကျေးရွာအချို့လည်းပါဝင်ပြီး KIAက ဝိုင်းမော်မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်သေးပေ။

လက်ရှိတွင် KIAက ‌ဗန်းမော်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည်။ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန် နေချိန်၌ စစ်ကောင်စီက မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်သို့ အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။