Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးဘက်သို့လာ​သော စစ်တပ်ယာဥ်တန်းကို KIA တိုက်ခိုက်

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။

စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-File Photo

အိမ်သွင်/People’s Spring

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၃ ရက် ​နေ့ခင်းပိုင်းတွင် မြစ်ကြီးနားမြို့မှထွက်လာပြီး ဝိုင်း‌မော်မြို့ကို ဖြတ်၍ ဆဒုံးမြို့ဘက်သို့ ဦးတည်မောင်းနှင်နေသည့် စစ်ကောင်စီကားလေးစီးကို ဝိုင်း‌မော်-ဆဒုံး – ကန်ပိုင်တီလမ်းပိုင်းမှ နန်‌ဇော်ယန်ရွာလမ်းပိုင်းတွင် KIA နှင့်ပူး​ပေါင်းတပ် တိုက်ခိုက်ခြင်းဟု ဒေသခံတဦးကပြောသည်။

“ဒီရက် KIAဘက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာ ငြိမ်နေတော့ ‌ သွေးတိုးစမ်းပြီး တက်လာတဲ့သဘောပဲ။ ဒီနေ့ချတာတော့ ကြမ်းတယ်။ ညနေကနေစပစ်တာ ည ၈နာရီလောက်မှ ရပ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ညဘက်ဖြစ်နေခြင်းနှင့် လမ်းပိုင်းအသုံးပြုခွင့်ကိုကန့်သတ်ထားသောကြောင့် တိုက်ပွဲအတွင်းထိခိုက်မှုအခြေအနေများကိုမသိရှိရသေးပေ။

ဆဒုံးမြို့သည် ပြီးခဲ့သည့် နိုဝင်ဘာလက KIA သိမ်းယူခဲ့သည့် ကချင်အထူးဒေသ(၁) ထဲ‌တွင်ပါဝင်သည်။ KIAသည် ဆဒုံး၊ ကန်ပိုက်တီ၊ ချီ‌ဖွေ၊ ဆော့လော်၊ ဖီမော်၊ပန်ဝါတို့ပါဝင်သည် ကချင်အထူးဒေသ(၁)တစ်ခုလုံးကို သိမ်းယူထားသည်။ကချင်အထူးဒေသ(၁)တွင် ဝိုင်းမော်မြို့နယ်မှ ကျေးရွာအချို့လည်းပါဝင်ပြီး KIAက ဝိုင်းမော်မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်သေးပေ။

လက်ရှိတွင် KIAက ‌ဗန်းမော်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည်။ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန် နေချိန်၌ စစ်ကောင်စီက မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်သို့ အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Facebook