Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုဗုံးကြဲလို့ ပြည်သူ ၁၀ ဦးထက်မနည်း​သေဆုံး

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

စစ်​ကောင်စီရဲ့ Y-12 ​လေယာဥ်တစ်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ

ရှိန်း/People’s Spring

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊မြင်းဆည်ကျေးရွာကို မနေ့ကညပိုင်းကတံတားဦးလေတပ်ကနေ Y-12 နဲ့ ၉ကြိမ်တိုင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံးသီး၃၈လုံးအထိကျေးရွာထဲကိုကြဲချခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“မန်းPDFထိုင်တယ်လို့ စကစဘက်ကသတင်းအမှားရပြီးကျဲတာလို့သိရတယ်။တကယ်ကဘယ်အဖွဲ့မှထိုင်မထားဘူးဗျ။သေတာတော်တော်များတယ်လို့သိရတယ်။အကုန်ပြည်သူတွေချည်းပဲ”လို့ စစ်ကိုင်းမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းဆည်ရွာဘက်ကိုဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပါဖျက်ထားတာမို့ သေဆုံးလူစာရင်းကိုအတည်ပြုလို့ မရသေးဘူးလို့လည်းဆိုပါတယ်။

မန္တလေးPDFက စစ်ကိုင်းတပ်မဟာဖွဲ့စည်းမယ့်အကြောင်းကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် မန္တလေးတိုင်းမှာ နယ်မြေတွေဆုံးရှုံးထားတဲ့စစ်တပ်ဟာ စစ်ကိုင်းမြို့နယ်ထဲကိုပါလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာပါ။

လ၂ရက်နေ့ ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ချောင်းကြီးကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၂ဦးသေဆုံးဒဏ်ရာအများအပြားရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။