Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုဗုံးကြဲလို့ ပြည်သူ ၁၀ ဦးထက်မနည်း​သေဆုံး

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

စစ်​ကောင်စီရဲ့ Y-12 ​လေယာဥ်တစ်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ

ရှိန်း/People’s Spring

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊မြင်းဆည်ကျေးရွာကို မနေ့ကညပိုင်းကတံတားဦးလေတပ်ကနေ Y-12 နဲ့ ၉ကြိမ်တိုင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံးသီး၃၈လုံးအထိကျေးရွာထဲကိုကြဲချခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“မန်းPDFထိုင်တယ်လို့ စကစဘက်ကသတင်းအမှားရပြီးကျဲတာလို့သိရတယ်။တကယ်ကဘယ်အဖွဲ့မှထိုင်မထားဘူးဗျ။သေတာတော်တော်များတယ်လို့သိရတယ်။အကုန်ပြည်သူတွေချည်းပဲ”လို့ စစ်ကိုင်းမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းဆည်ရွာဘက်ကိုဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပါဖျက်ထားတာမို့ သေဆုံးလူစာရင်းကိုအတည်ပြုလို့ မရသေးဘူးလို့လည်းဆိုပါတယ်။

မန္တလေးPDFက စစ်ကိုင်းတပ်မဟာဖွဲ့စည်းမယ့်အကြောင်းကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် မန္တလေးတိုင်းမှာ နယ်မြေတွေဆုံးရှုံးထားတဲ့စစ်တပ်ဟာ စစ်ကိုင်းမြို့နယ်ထဲကိုပါလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာပါ။

လ၂ရက်နေ့ ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ချောင်းကြီးကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၂ဦးသေဆုံးဒဏ်ရာအများအပြားရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။