Connect with us

Hi, what are you looking for?

သတင်း

KTVဖွင့်ပြီး ရန်ပုံငွေရှာရန်ကြိုးပမ်းသည့် ဗကသအဖွဲ့ချုပ်ဥက္ကဌ ရာထူးမှဖယ်ရှားခံရ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့​၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

သတိုး/People’s Spring

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့​၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

ဥက္ကဌတာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ်၏ ဘဏ္ဍာငွေရှာဖွေရန် ရည်ရွယ်ချက်ဖြင့် KTVလုပ်ငန်းဖွင့်လှစ်ရန် ကြိုးပမ်းသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အတွက် ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

ကိုအောင်ပြည့်စုံဖြိုးလုပ်ဆောင်ခဲ့သော KTV လုပ်ငန်းနှင့် ဆက်လက်ပတ်သက်မည်မဟုတ်ပဲ ယင်းလုပ်ငန်းမှ ရရှိမည့်ငွေကြေးအကျိုးအမြတ် များကိုလည်း ဗကသဘဏ္ဍာငွေအဖြစ်အသုံးမပြုရန် ဗဟိုအမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယင်းကိစ္စ၌ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ရာထူးမှ ထုတ်ပယ်ကြောင်း အသိပေးထားသည်။

May be an image of text that says "す កបរាប្កាជម្ជុ မောဝိုင်ငံလံးို်ကျောင်သာသာ ထုတ်ပြန်ကြေညာချက် ကြေညာချက်အမှတ်- ၁/၂၀၂၅ ရက်စွဲ ဇန်နဝါရီလ ရက် ရက်စွဲ။ဇန်နဝါရီလ၆်ရက်၊၂၀၂၅ ၂၀၂၅ ဒဗကသများဖွဲချပ်္က္တာဖြစ်ဝနယ ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းွင့်မူ်ိုင်နို်မိက်မှိ စစ်ဆေးသိရှိရပါသည်။ အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဥ်းဥပဒေ၊ မူဝါဒစံနုန်း ဂုဏ်သိက္ခာ ကို ချိုးဖောက်ညှိးနွမ်းစေ သည်အတွက် ကိုအောင်ပြည့်စုံဖြိုး ကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်မယ်အရေးယူလိုက်သည်။ ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ် စေရန်လည်းကောင်း အဆိုပါလုပ်ငန်းမှ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်ကို ဗကသဘဏ္ဍာငွေအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ဆုံးဖြတ်ကြေညာအပ်ပါသည်။ យ တဆက်တည်း အဆိုပါကိစ္စတွင် ဆက်စပ်ပတ်သတ်ခဲ့သော ကိုရှိုင်းဝတ္ထာအောင်ကိုလည်း ဗကသများအဖွဲ့ချုပ်- ဗဟိုစည်းရုံးရေး ကော်မတီ ဘဏ္ဍာရေးတာဝန်ခံတာဝန်မှ ထုတ်ပယ်လိုက်ပါသည်။ ဗဟိုအမှုဆောင်အဖွဲ့ ဗကသများအဖွဲ့ချုပ်"

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။