Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းထုတ်ချက်ဆီများကို RON 68 ဟုဆိုကာ စစ်ကောင်စီစတင်ရောင်း

စစ်​ကောင်စီ က ပြည်တွင်းထုတ်ချက်ဆီဖြစ်သည့်ဓာတ်ဆီများကို( Ron-68)ဟုဆိုကာနေပြည်တော် နှင့် မန္တလေးမြို့ရှိ နိုင်ငံပိုင် စက်သုံးဆီဆိုင်များတွင် စတင်ရောင်းချ​နေသည်။

နေပြည်​တော်ရှိ နိုင်ငံပိုင်စက်သုံးဆီဆိုင် ၁ ဆိုင်တွင် RON-68 ​စတင်ရောင်းချ​ပေး​နေသည်ဟုစစ်​ကောင်စီဝါဒဖြန့်ချီထားမှု ။ဓါတ်ပုံ-စစ်​ကောင်စီ

တာရာ/People’s Spring

စစ်​ကောင်စီ က ပြည်တွင်းထုတ်ချက်ဆီဖြစ်သည့်ဓာတ်ဆီများကို( Ron-68)ဟုဆိုကာနေပြည်တော် နှင့် မန္တလေးမြို့ရှိ နိုင်ငံပိုင် စက်သုံးဆီဆိုင်များတွင် စတင်ရောင်းချ​နေသည်။

ထိုစက်သုံးဆီများကို ဇန်နဝါရီ ၄ ရက်က စတင်ပြီး အဆိုပါမြို့ကြီးနှစ်မြို့တွင် တစ်လီတာကို ကျပ် ၂၂၀၀နှင့် ရောင်းချပေး​နေ​ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“ဒီဆီတွေက ကားတွေမှာ သုံးလို့မရဘူး။ကားတွေမှာသုံးရင် အင်ဂျင်တွေပျက်တယ်။ ဆိုင်ကိုယ်နဲ့ သုံးဘီးဆိုင်ကယ်တွေမှာပဲ သုံးလို့ရမယ်”ဟု ယာဥ်​မောင်းတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီရောင်းချမှုကို စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနက တဖြည်းဖြည်းထိန်းချုပ်ထားသည်။ ယခုအခါ ပြည်တွင်းထုတ် ချက်ဆီကိုနိုင်ငံပိုင်စက်သုံးဆီများက စတင်ရောင်းချလာပြီးဖြစ်၍ စစ်ကောင်စီက ယခင်စစ်အစိုးရများကဲ့သို့ စက်သုံးဆီကို နိုင်ငံပိုင်လုပ်ငန်းများကသာ​ရောင်းချပြီး ​ဈေးကွက်ကိုထိန်းချုပ်လာမည်ကိုစိုးရိမ်​ကြောင်းလုပ်ငန်းရှင် တဦးက​ပြောသည်။

စစ်​တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှုအများစုထွက်ခွာသွားပြီး အသစ်ဝင်​ရောက်မှုနည်းပါးခြင်း ၊ကုန်သွယ်​ရေးကျဆင်းခြင်း ၊နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ အစိုးရမှတဆင့် ကူညီမှု​လျော့ကျခြင်း စသည်တို့​ကြောင့် စစ်အုပ်စုအတွက် ​ဒေါ်လာနှင့် နိုင်ငံခြား​ငွေ ဝင်​ရောက်မှု​လျော့နည်းလာသည်။ နိုင်ငံခြား​ငွေဝင်​ရောက်မှုနည်း​သော်လည်း စစ်​ကောင်စီက နိုင်ငံတဝန်းတိုက်ပွဲများတွင်တိုက်ခိုက်ရန် လက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီ ကို ပိုဝယ်​နေသဖြင့် နိုင်ငံခြား​ငွေအများစုကို ၎င်းတို့အာဏာတည်မြဲ​ရေးအတွက် စစ်တိုက်ရန်သာ သုံးလိုပြီး နိုင်ငံသားများအသုံးပြုရန် ​ဒေါ်လာဖြင့်ဝယ်ရ​သော စက်သုံးဆီမှ စကာမဖြစ်မ​နေသုံးရ​သော ဆေးဝါးအထိ စစ်​ကောင်စီက ပြည်ပမှတင်သွင်းမှု​လျော့ချ​နေခြင်းဖြစ်သည်။

စက်သုံးဆီကိုလည်း နိုင်ငံခြား​ငွေ အသုံးပြုရမှူနည်း​စေရန် စစ်​ကောင်စီကပြည်ပမှတင်သွင်းမှု​လျော့ချရန် အစီအစဥ်၏ တစိပ်တပိုင်းအဖြစ် RON-68 ဆီများထုတ်​ရောင်းလာခြင်းဖြစ်သည်။

“ဒီဆီတွေ နဲ့ သင့်တော်တဲ့ ဓာတ်ဆီက အခုချိန်မှာမရှိတော့ဘူး”ဟု စက်မှုအင်ဂျင်နီယာတစ်ဦးကလည်း RON 68 ၏ ဆီအရည်အ​သွေးနိမ့်ပါးမှုအ​ပေါ် မှတ်ချက်ပြုသည်။

စစ်ကောင်စီက ချက်ဆီများကို ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းတို့တွင်လည်း ဆက်လက်ရောင်းချမည်ဟုဆိုသည်။

ချက်ဆီများကိုစစ်ကောင်စီကသန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံနှင့် သံပုရာကန်ရေနံချက်စက်ရုံများတွင်ထုတ်လုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန် (အမ်ပီပီအီး)တွင် နိုင်ငံပိုင်ဆီဆိုင် ၁၆ ဆိုင်ရှိပြီး အရပ်သားအစိုးရလက်ထက်တွင် ပုဂ္ဂလိပိုင်ပြုလုပ်ရန်စီစဉ်ထားခဲ့​သောဆိုင်များဖြစ်ပြီး စစ်တပ်အာဏာသိမ်းခဲ့၍ ပုဂ္ဂုလိကသို့ လွှဲ​ပြောင်းမ​ပေးခဲ့ရ​သေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။