Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်တွင်ဖမ်းမိထားသည့် ပြည်သူ့စစ်များကို သုံ့ပမ်းဥပဒေနှင့်အညီထားရှိဟု KPF အသိပေး

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသ သိမ်းပိုက်စဉ် ဖမ်းမိခဲ့သည့် ပြည်သူ့စစ်များကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန် အသိပေးသည်။

လန်ဆယ်ဒေသ သိမ်းပိုက်စဉ် ဖမ်းမိခဲ့သည့် ပြည်သူ့စစ်များအား တွေ့ရစဉ်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသ သိမ်းပိုက်စဉ် ဖမ်းမိခဲ့သည့် ပြည်သူ့စစ်များကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန် အသိပေးသည်။

ကချင်အထူးဒေသ(၁)နယ်မြေ၌ ပါဝင်သည့် လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသအား သိမ်းပိုက်စဉ် ပြည်သူ့စစ်ဘက်က ခုခံမှုအချို့ရှိသော်လည်း ပြည်သူ့စစ်များ လက်နက်ချခဲ့၍ အချိန်တိုအတွင်း ဒေသကို သိမ်းပိုက်ရရှိခဲ့သည်။

KPFက ယနေ့ ထုတ်ပြန်သော စစ်သုံပန်းများအား တွေ့ဆုံမေးမြန်းမှု ရုပ်သံမှတ်တမ်းတွင် စစ်သုံပန်းများက ၎င်းတို့အား KPFက ကောင်းမွန်စွာစောင့်ရှောက်ပြီး ဒဏ်ရာရသူများအား ဆေးဝါးကုသမှုပေးခဲ့ကြောင်း ထွက်ဆိုကြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်များက ဒေသကို ကာကွယ်ရန် စည်းရုံးခြင်း၊ စစ်ကောင်စီတပ်ထံ တပ်သားအဖြစ် စုဆောင်းခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ထွက်ဆိုကြသည်။

ထို့ပြင် လန်ဆယ်ဒေသကို KIAနှင့် KPF တို့က လာရောက်မတိုက်ခိုက်မီကတည်းက လက်နက်ချရန် ပြည်သူ့စစ်များအား ကြိုတင်အသိပေးခဲ့သော်လည်း ပြည်သူ့စစ်ခေါင်းဆောင်များက အောက်ခြေရဲဘော်များအား မပြောပြဘဲ ခုခံခိုင်း၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ထွက်ဆိုကြသည်။

“ခါကာဘိုတပ်ဖွဲ့နဲ့ တပ်ပေါင်းစုတွေဖက်ကတော့ သတင်းပေးခဲ့တယ်။ လက်နက်ချဖို့ပါ။ဒါပေမဲ့ အောက်ခြေတွေက အထက်လူကြီးတွေနဲ့ ခါကာဘိုတပ်ဖွဲ့တို့အကြားမှာ ဘယ်လိုညှိနှိုင်းတယ်ဆိုတာ မသိခဲ့လို့ ပစ်လိုက်တဲ့သဘောပါ။ ကျနော်တို့လည်း ကိုယ့်အချင်းချင်း တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ဘူး။” ဟု ပြည်သူ့စစ် တပ်စိတ်မှုးတစ်ဦးက ပြောသည်။

KPFအနေဖြင့် တိုက်ပွဲ၌စစ်သုံ့ပန်းများ ဖမ်းမိထားသလို KPFထံခိုလှုံလာသည့် ပြည်သူ့စစ်များလည်းရှိသည်။ KPF ပူးပေါင်းလာသူ ပြည်သူ့စစ်အရာရှိတစ်ဦးက လက်ရှိစစ်ပွဲသည် လူမျိုးရေးတိုက်ပွဲ ၊ နယ်မြေစိုးမိုးရေးတိုက်ပွဲမဟုတ်ဘဲ နိုင်ငံကိုဖိနှိပ်အုပ်ချုပ်နေသည့် စစ်အာဏာရှင်အုပ်စုလက်အောက်မှ လွတ်မြောက်ရေး ပြည်သူ့တော်လှန်ရေးဖြစ်၍ တော်လှန်ပြည်သူများဘက် ရပ်တည်ပူးပေါင်းကြရန် ပြည်သူ့စစ်များအား တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် လန်ဆယ်ဒေသမှာ တာဝန်ကျနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အရာရှိ ၁ဦးကို အဲဒီဒေသမှာ တာဝန်ပေးအပ်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း KIO/KIA ဌာနချုပ်က စာထုတ်ပြန်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။