Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ် နဂါးပေါက်ကျေးရွာရဲကင်းစခန်းကို တော်လှန်ရေးအဖွဲ့များမီးရှို့

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတော်လှန်နေကြသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ CDSOM အဖွဲ့ ၊ TALOKE PDF ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊B.G.F အဖွဲ့ ၊ MSPDF အဖွဲ့၊ AUNG WOMEN WARRIORS(MWW) အဖွဲ့ နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း၍ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းအား ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ဟောင်းနွမ်းသော အဆောက်အအုံ (စနစ်ဆိုး)များအား မီးရိူ့ဖျက်ဆီးခဲ့ကြောင်း ပါဝင်ခဲ့သည့် နှလုံးလှလူမိုက်ကြီးများအဖွဲ့ (မြင်းခြံ)က အသိပေးသည်။

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook