Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီဒုချုပ်စိုးဝင်းလုံခြုံရေးအတွက် လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင်တစ်ဦး ထိမှန်သေဆုံး

လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်)ကျရောက်သည့် ကရင်နီပြည်နယ်နေ့(ကယားဒေး)ပွဲတော်တက်ရောက်ရန် စစ်ကောင်စီဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့က လွိုင်ကော်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။

“မနေ့ည စကစဖက်က နေရာစုံလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အခြေအနေမှာ ကနဦး စိတ်မကောင်းစရာသတင်းအနေနဲ့ စစ်ဘေးရှောင် ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပါတယ်။တခြားနေရာတွေက စစ်ရှောင်၊ပြည်သူ ထိခိုက်မှုများမသိရသေးပါဘူး”ဟု လွိုင်ကော်မြို့အခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၂ရက်က ဖယ်ခုံမြို့နယ်၊ ရီနွဲ့အုပ်စုရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင်(၅၀၀)ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီသည် ယမန်နေ့ကတည်းက လွိုင်ကော်မြို့ ၊ဒီးမော့ဆိုအနောက်ခြမ်းနှင့် မိုးဗြဲမြို့နယ်ဝန်းကျင်နေရာများအား လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က နေ့လည်ပိုင်းမှာ စိုးဝင်းရောက်လာပြီး ဒကစမှူး၊ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေပါတဲ့ အစည်း အဝေးလုပ်တယ်။ခုမနက် ပွဲကိုတော့ ယောင်ပြတက်ပြောပြီး ပြန်မယ်လို့ သိရတယ်။လေယာဥ်တွေကတော့ ဂျက်ဖိုက်တာရော ကင်းထောက်တွေပါ လွိုင်ကော်မြို့အနီးမှာပျံနေတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၉ ရက်က လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် လွိုင်ကော် မြို့နယ် အိုင်စန့်ကျေးရွာမှ (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး ငါးလသားအရွယ်ကလေးငယ်တစ်ဦး လက်ပြတ်ခဲ့သည်။

၂၀၂၄နှစ်သစ်ကူးရက် ညနေပိုင်းကလည်း လွိုင်ကော်မြို့အရှေ့ဖက်ရှိ စစ်ရှောင်စခန်းကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် (၁)နှစ်ကျော်အရွယ်ကလေးငယ်နှင့် ၎င်း၏ မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ရသည်။

ဖယ်ခုံ၊မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၃၆ ဦးရှိပြီး စစ်ရှောင်စဥ် သေဆုံးသူ ၁၇၃ဦးရှိ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

'၁၁.၁၁ စစ်ဆင်ရေး'အမည်ဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။