Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion – MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား တော်လှန်ရေးရဲဘော်များ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - File

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion – MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ ရက်က မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကန်နီကျေးရွာသို့ ရိက္ခာပို့ရန်လာသော ယာဥ်တန်းနှင့် စစ်ကြောင်းကို အင်းရောင်း​​​ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်၊ ဝက်ခေါင်းကျေးရွာအနီး တစ်ကြိမ်နှင့် ​ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲတစ်ကြိမ်​​ ထပ်မံဖြစ်ပွားခဲ့​​ရာ စစ်​​ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်ကလည်း အဆိုပါ စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စစ်ကြောင်းကို ကျောင်းကုန်းနှင့် ကန်နီကျေးရွာကြား၌ နှစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီး ​စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Myaing Supporting Battalion – MSB က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဥ်တန်း ကန်နီကျေးရွာအနီးရောက်လာစဥ် MSB တပ်ဖွဲ့များ ကြိုထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ကောင််စီတပ်သား နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ နှစ်ရက်ဆက် စစ်ရေးတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ယာဥ်တန်းမှ ယာဥ်တစ်စီးထိခိုက်ပျက်စီးသွားကာ စစ်ကြောင်းမှာ ကန်နီရွာသို့ ဆက်ထွက်သွားကြောင်း MSBပူးပေါင်းစစ်ကြောင်းတွင်ပါဝင်သည့် ပခုက္ကူခရိုင် တပ်ရင်း(၁၅)ထံမှ သိရသည်။

“ကျနော်တို့အနေနဲ့ အဲဒီတိုက်ပွဲဖြစ်စဥ်မှာ စစ်ရေးဗျူဟာအရ အသာစီးရခဲ့ပေမယ့် ခဲယမ်းမလုံလောက်လို့ ယာဥ်တန်းကို ဟန့်တားဖြတ်တောက်နိုင်သည်အထိ မလုပ်နိုင်ခဲ့ပါဘူး”ဟု တပ်ရင်း(၁၅)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို Myaing Supporting Battalion – MSB ၏ထောက်ပို့ခံတပ်ရင်း​များဖြစ်သော ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇)တပ်ရင်းများနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅)၊ မြိုင် ပ.က.ဖ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံပကဖ၊ ပအဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။