Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ ကပစ-၂၄နှင့် ပျူစောထီးကျေးရွာများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄)အပါအဝင် ပျူစောထီးများအထိုင်ချထားသည့် ကျေးရွာ ၅ ရွာအား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဒရုန်းများဖြင့် ဗုံးသီးအလုံးရေ ၁၅၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက ပေါက်မြို့နယ် ပျူစောထီး ကျေးရွာများအား တိုက်ခိုက်နေစဉ်

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄)အပါအဝင် ပျူစောထီးများအထိုင်ချထားသည့် ကျေးရွာ ၅ ရွာအား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဒရုန်းများဖြင့် ဗုံးသီးအလုံးရေ ၁၅၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုများကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်ဆက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ပျူစောထီး နှစ်ဦးသေဆုံးပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာရကြောင်း ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့မှ ယနေ့(ဇန်နဝါရီ ၁၅)အသိပေး ထုတ်ပြန်သည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာများမှာ ကပစ-၂၄ နှင့် ပျူစောထီးအားကောင်းသော ကျေးရွာများဖြစ်သော သစ်ချိုကုန်း၊ ဝန်းခြုံ၊ တပ်ကုန်း၊ ပင်တောင်နှင့် ဇီးပြားရွာတို့ဖြစ်ပြီး တိုက်ခိုက်မှုများအတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ဒရုန်း ၄စင်းပျက်စီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“(ဒရုန်း) သုံးစီးကတော့ စကစ Jammer ကြောင့်ပါ။ ကျနော်တို့က ကပစ-၂၄ တပ်ဝင်းထဲအထိ ဝင်ရောက်တာဆိုတော့ သူတို့အထိုင်ဖြစ်တော့ Jammer အရမ်းကောင်းလို့ ပျက်စီး ဆုံးရှုံးခဲ့တာ။ တစ်စီးကတော့ ချို့ယွင်းတာကြောင့်ပါ”ဟု ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများတွင် ကပစ – ၂၄ မှ ဗိုလ်တစ်ဦးအပါအဝင် ၆ ဦး၊ ဝန်ခြုံးပျူစောထီးရွာမှ ဘန်ကာတစ်ခု မီးလောင် ပျက်စီးကြောင်း၊ ပင်တောင်ရွာမှ စစ်ကောင်စီတပ်သား ၃ဦးနှင့် ပျူစောထီး ၄ ဦး ဒဏ်ရာရပြီး၊ တပ်ကုန်းရွာမှ ပျူ ၂ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရသွားကြောင်း ပေါက် (ပကဖ)ဒရုန်းတပ်ဖွဲ့က အသိပေးသည်။

“ပေါက်နယ်က ပျူရွာအားလုံးကို ကပစ ကနေပဲ အင်အားပို့ပြီး ပျူတွေနဲ့ပူးပေါင်း အထိုင်ချနေတာဗျ။ ပျူရွာတိုင်းပဲ”ဟု ပေါက်မြို့နယ်တွင်း စစ်ကောင်စီလှုပ်ရှားမှုကို ဒရုန်းတပ်ဖွဲ့တာဝန်ခံက ရှင်းပြသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို ပေါက် (ပကဖ)၊ မြိုင်(ပကဖ)တို့၏ ကူညီမှူဖြင့် မိမိတို့ Drone Team သည် မဟာမိတ်များဖြစ်သော ပုံတောင် Tiger Drone တပ်ဖွဲ့(ပုလဲ)၊ Eagle Wings Drone တပ်ဖွဲ့(ပုလဲ)၊ BLY Drone တပ်ဖွဲ့ ၊ ဇုံ (၁၊၂)ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။