Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်ကူပို့မယ့် ယာဉ်တန်းတွေ ပေါက်နဲ့ ဆောနယ်ကြား ရောက်လာ

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(ချင်းပြည်နယ် မင်းတပ်−မတူပီလမ်းပိုင်းမှာ ၂၀၂၁ နိုဝင်ဘာအတွင်း တွေ့ရတဲ့ စစ်တပ်ယာဉ်တန်း။ ဓာတ်ပုံ − ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်)

ဇူလိုင်-၁၁၊၂၀၂၆။ဖိုးသား/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ ကနဦးထိုးစစ်မှာ သေဆုံးထိခိုက်သူတွေများနေတာကြောင့် ပေါက်မြို့နယ် အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)ကနေ စစ်ကူ ထပ်ပို့လာတာလို့ ဆိုပါတယ်။

အင်အား ၄၀၀ ၀န်းကျင်ပါနိုင်တဲ့ စစ်တပ်စစ်ကူစစ်ကြောင်းဟာ ပေါက်မြို့နယ် ကပစ(၂၄)ကတဆင့် ပလောင်းကျေးရွာကိုဖြတ်ပြီး ဒီကနေ့(ဇူလိုင် ၁၁ ရက်)မှာ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဆယ်မိုင်ကုန်းရွာမှာ ညကတပ်စွဲတယ်။ဒီမနက်ပိုင်းမှာ ကျောက်မဲတောင်ရွာကိုဖြတ်ပြီး ပလောင်းကျေးရွာအနောက်ဘက် ကျောက်တံခါးကျေးရွာကို ရောက်နေပြီ။စစ်ကားငါးစီးပါတယ်။ကျောက်ထုကို ဦးတည်နေတာ”လို့ ပေါက်မြို့နယ် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဆောမြို့နယ်၊ကျောက်ထုမြို့ အမှတ်(၃၆၈)အမြောက်တပ်ကို ၃ ရက်နဲ့အရောက်သွားရမယ့် ညွှန်ကြားချက်ရှိတယ်လို့ သူက အသိပေးပါတယ်။

အ‌မြောက်တပ်(၃၆၈)ကတဆင့် မင်းတပ်မြို့ကို စစ်ကူပေးမှာဖြစ်သလို ကန်ပက်လက်မြို့ကိုလည်း အင်အားဖြည့်ဖို့အတွက် စလင်းမြို့အခြေစိုက် ခလရ တပ်တွေ လာမယ့် သတင်းထွက်ပေါ်နေတယ်လို့ လောင်းရှည်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပထမ တစ်ကြိမ်ထိုးစစ်တုန်းကအတိုင်း ဆိပ်ဖြူဘက်ကနေ လောင်းရှည်ကို၀င်မယ်ကြားတယ်။စလင်းမှာရှိတဲ့ ခလရ ၂၅၃၊၂၅၄ နဲ့ ၂၅၅ တပ်ရင်း သုံးခု နဲ့ လာမယ်လို့ သိရတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်းထိုးစစ်ကို အင်အားအလုံးအရင်းနဲ့ ပြုလုပ်လာတာ ကို ချင်းပြည်သူ့အစည်းအရုံးနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေပါတယ်။

တိုက်ပွဲ တစ်လခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်တပ်က အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။