Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ဖြင့် ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်လာ

မကွေးအ​ရှေ့တွင် စစ်ရေးလှုပ်ရှားမှုလုပ် ဆောင်နေသည့် ဗိဿနိုး PDF လက်အောက်ခံ ကြိုးကြာနီတပ်ရင်းထံ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်များမှ တပ်သားသစ်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ရဲဘော်ပလာတာက လူထုနွေဦးသို့ ပြောသည်။

အလင်းဝင် တပ်သားသစ်နှစ်ဦးနှင့်အတူတွေ့ရသည့် ကြိုးကြာနီတပ်ရင်းမှ တော်လှန်ရေးရဲဘော်နှစ်ဦး။ ဓာတ်ပုံ-ကြိုးကြာနီ

ကျော်ဇော/People’s Spring

မကွေးအ​ရှေ့တွင် စစ်ရေးလှုပ်ရှားမှုလုပ် ဆောင်နေသည့် ဗိဿနိုး PDF လက်အောက်ခံ ကြိုးကြာနီတပ်ရင်းထံ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်များမှ တပ်သားသစ်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ရဲဘော်ပလာတာက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တပ်သားသစ်နှစ်ဦးသည် ကယား ပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၄၂၂တပ်ရင်းထံ ပို့ဆောင်ခံရသည့် စစ်မှုထမ်းအပတ်စဥ်များ တပ်သားသစ်များဖြစ်​ပြီး ၎င်းတို့နှင့်အတူ သေနတ်နှစ်လက်နှင့် ခဲယမ်းအချို့ကို ယူဆောင်လာပြီး ကြိုးကြာနီသို့ ဆက်သွယ်ရောက်ရှိလာခြင်းဟု ၎င်းက ပြောသည်။

“တစ်ယောက်က မကွေး၊ စလင်းကနေပြီးတော့မှ သူ လယ်စိုက်နေ ပျိုးထောင်နေရင်းနဲ့ အဆွဲခံရပြီး ပါလာတာပေါ့နော်။ သူကတော့ (စစ်မှုထမ်း) အပတ်စဥ် ၅ ပေါ့။ နောက်တစ်ယောက်ကတော့ စစ်ကိုင်း ရွှေဘိုကနေပြီး သူတို့ရွာကအုပ်ကြီးက ဇွတ်အတင်းငွေယူပြီး ထည့်ပေးလိုက်လို့ ပါသွားတာပေါ့။ သူကတော့ အပတ်စဥ်(၁)က”ဟု ကြိုးကြာနီတပ်ရင်းမှူး ရဲဘော်ပလာတာက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင် တပ်သားနှစ်ဦး၏ တောင်းဆိုမှုအရ တစ်ဦးကို ၎င်း၏ဇာတိမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့နှင့်ချိတ်ဆက်၍ တော်လှန်ရဲဘော်တစ်ဦးအဖြစ် လုပ်ဆောင်နိုင်ရန် စီစဥ်လျှက်ရှိပြီး ကျန်တစ်ဦးကို ဇာတိရပ်ရွာရှိ မိသားစုနှင့် ဆုံဆည်းခွင့်ရရန် စီစဥ်ပေးနေကြောင်း တပ်ရင်းမှူး ရဲဘော်ပလာတာက ရှင်းပြသည်။

၎င်းတပ်သားသစ်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီ ဇင်ဘာအတွင်းက ကြိုးကြာနီတပ်ရင်းထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်သော်လည်း လုံခြုံရေးအခြေအနေများအရ ယခုမှသာ အများပြည်သူအား ချပြနိုင်ခြင်းဟု ၎င်းတပ်ရင်းမှူးက အသိပေးသည်။

အလားတူ မိုးဗြဲအခြေစိုက် ခလရ-၄၂၂တပ်ရင်းထံ ပို့ဆောင်ခံလိုက်ရသည့် စစ်မှုထမ်းအပတ်စဥ်များမှ နောက်ထပ်တပ်သားနှစ်ဦးမှာ ယခုတစ်ကြိမ် အသိပေးချပြသည့် တပ်သားနှစ်ဦးထက်စော၍ အလင်းဝင်ခဲ့ရာ ၎င်းတို့ထံမှတဆင့် ထပ်မံချိတ်ဆက်၍ ရောက်ရှိလာခြင်ဖြစ် ကြောင်း ကြိုးကြာနီတပ်ရင်းထံမှ သိရသည်။

ခလရ-၄၂၂တပ်ရင်းမှနေ၍ ကြိုးကြာနီတပ်ရင်းထံ ဆက်သွယ်၍ အစောဆုံးအလင်းဝင်လာသည့် တပ်သားသစ်နှစ်ဦးကို ၎င်းတို့၏ဆန္ဒအရ စစ်အာဏာရှင်အမြစ်ဖြတ် ခြေမှုန်းရေးလုပ်ငန်းစဥ်အတွင်း တပ်ရင်းမှအခြားရဲဘော်များနှင့်အတူ တာဝန်ထမ်းဆောင်ခွင့်ပြုထားကြောင်း စုံစမ်းသိရသည်။

အလားတူ ယခု နှစ်သစ် ဇန်နဝါရီနှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများထံသို့ အလင်းဝင်သူ ၂၉ ဦးရှိကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဌာန MODက ဇန်နဝါရီလ ၁၃ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။