Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားလေးဦး လက်နက်များဖြင့် အလင်းဝင်လာ

စစ်မှုထမ်းအပတ်စဥ်(၅)မှ စစ်ကောင်စီတပ်သား လေးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်မြို့နယ်အခြေ စိုက် Union Liberation Front(ULF စစ်ကြောင်း)က ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။

အလင်းဝင်လာသူလေးဦးကို ဂုဏ်ပြုငွေများပေးနေစဥ်(ဓာတ်ပုံ - ULF စစ်ကြောင်း)

ရဲခေါင်/People’s Spring

စစ်မှုထမ်းအပတ်စဥ်(၅)မှ စစ်ကောင်စီတပ်သား လေးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်မြို့နယ်အခြေ စိုက် Union Liberation Front(ULF စစ်ကြောင်း)က ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားလေးဦသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(န.မ.ခ)တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများဟု ဆိုသည်။

ပဲခူးမြို့အခြေစိုက် တပ်မ(၇၇) လက်အောက်ခံ အမှတ် (၁၀၅)တပ်ရင်း စစ်ကောင်စီတပ်သားသစ် လေးဦးသည် ဇန်နဝါရီ ၁၈ ရက်တွင် နမခမှထွက်ပြေးလာခဲ့ပြီး ULF စစ်ကြောင်းတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ”ဟု ULF တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသူလေးဦးသည် ရန်ကုန်မြို့နှင့် ဟင်္သာတ မြို့များမှဖြစ်ပြီး တပ်သားကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင်နှင့် အေးမင်းထွန်းတို့ဟု သိရသည်။

“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်။ ဘာပဲဖြစ်ဖြစ် အလင်း ဝင်လာသူတွေကို ULF စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား လေးဦးအား တစ်ဦးလျှင် ကျပ်သိန်း ၃၀စီ ဆုချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာနေထိုင်ခွင့်ပေးပြီး နောက်ပိုင်း မိသားစု၊ဆွေးမျိုးများနှင့် တွေ့ဆုံဖို့အထိလုပ်ဆောင်ပေးသွားမည်ဟုလည်း ULF စစ်ကြောင်းက ကတိပြုသည်။

၂၀၁၄နှစ်ဆန်းပိုင်းကစတင်ခဲ့သည့် အသက် ၁၈ နှစ် အထက် စစ်မှုမထမ်းမနေရ စစ်ကောင်စီ၏ အဓမ္မ ဥပဒေကြောင့် လူငယ်အများစုသည့် ပြည်ပထွက်ခွာခြင်းနှင့် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းမှုများရှိသည်။

ထို့အပြင် ငြင်းဆန်မရသည့် အခြေအနေကြောင့် စစ်မှုထမ်းအတွင်းပါဝင်ခဲ့သူများမှာလည်း သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက် ဘက်ပြောင်းလာနေသည်။

အပတ်စဥ်အလိုက် တပ်သားသစ် မပြည့်မီသည့် စစ်ကောင်စီသည် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ လူငယ်များကို ပေါ်ပေါ်ထင်ထင် ဖမ်းဆီး၍ တပ်တွင်း သွပ်သွင်းနေသည်။

ယခု ဇန်နဝါရီလကုန်ပိုင်းတွင် စစ်မှုထမ်းအပတ်စဥ်(၉)စတင်မည်ဟု စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြေညာလျှက်ရှိသည်။

အလင်းဝင်လာသူလေးဦးကို ဂုဏ်ပြုငွေများပေးနေစဥ်(ဓာတ်ပုံ – ULF စစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။