Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့၌တာဝန်ကျသည့် စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး PDF ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမ၌ လုံခြုံရေးတာဝန်ချထားခံရသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခုံလှုံလာကြောင်း မုံရွာခရိုင် တပ်ရင်း(၂၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်မှုထမ်းအပတ်စဥ်(၅)သင်တန်းဆင်း တပ်သားကိုပြည့်ဖြိုးအောင်အားတွေ့ရစဥ်(ဓာတ်ပုံ - တပ်ရင်း ၂၂)

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမ၌ လုံခြုံရေးတာဝန်ချထားခံရသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခုံလှုံလာကြောင်း မုံရွာခရိုင် တပ်ရင်း(၂၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် (၃၃)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဇန်နဝါရီ ၂၁ ရက်တွင် မုံရွာခရိုင်တပ်ရင်း(၂၂)ထံဆက်သွယ်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် စ်မှုထမ်းတပ်သားသစ် ကိုပြည့်ဖြိုးအောင်အား တပ်ရင်း(၂၂)မှ ရဲဘော်များက မုံရွာမြို့အတွင်း သွားရောက်ခေါ်ထုတ်ခဲ့ရကြောင်း တပ်ရင်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာတာပါ။ မြို့တွင်းဝင်ရခေါ်ရတာဆိုတော့ ဒီလိုပဲ အန္တရာယ်တော့ များတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

အလင်းဝင်တပ်သား ကိုပြည့်ဖြိုးအောင်သည် လက်ရှိအခြေအနေတွင် နယ်မြေအနေအထားအရ နေရပ်သို့ မပြန်ရဲသေးဘဲ တပ်ရင်း(၂၂)ထံ ဆက်လက်ခိုလှုံလျှက်ရှိပြီး တပ်ရင်းအနေဖြင့် ၎င်းအား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ)ထံ လွှဲပြောင်းအပ်နိုင်ရေး စီစဥ်လျှက်ရိကြောင်း သိရသည်။

ဇန်နဝါရီ ၇ ရက်ကလည်း မုံရွာမြို့ တော်ခန်းမ၌ တာဝန်ကျ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ကိုအောင်မြင့်မြတ်အား မုံရွာခရိုင် တပ်ရင်း(၂၂)ကပင် အထက်ပါနည်းအတိုင်း မြို့တွင်းအထိ သွားရောက်ခေါ်ထုတ်ခဲ့ရသေးသည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်မှုထမ်းတပ်သား ကိုအောင်မြင့်မြတ်မှာ ရွှေဘိုခရိုင် အမှတ်(၂၆)တပ်ရင်းသို့ ဆက်သွယ်ခဲ့ရာ တပ်ရင်း(၂၆)က မုံရွာခရိုင် တပ်ရင်း(၂၂)ထံ ချိတ်ဆက်အကူအညီတောင်း၍ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ရေး တပ်ရင်းများပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။