Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သား ၂ဦး KNU တပ်မဟာ(၇)ထံ လက်နက်နဲ့ အလင်းဝင်

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ ဦး။ ဓာတ်ပုံ - KNU-Hpa-An District)

ဩဂုတ်-၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ရက်က ခမရ(၃၅၇) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦးဟာ လက်နက်တွေ ယူလာပြီး KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ထံ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူ ၂ဦးဟာ စစ်တပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

MA ၂လက်၊ ကျည်ဘောက် ၆ ခု၊ကျည်ဆံ ၂၀၀ နဲ့ ကျည်ကာ ၂ထည်ယူဆောင်လာတဲ့ တပ်သား ၂ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်တွင်းက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

KNU တပ်မဟာ(၇)အပါအဝင် KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လက်နက်ယူလာပြီးဖြစ်စေ လက်နက်မဲ့ ဖြစ်စေ အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။