Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲအခြေစိုက် ခြေမြန်တပ်ရင်းမှ တပ်သားသစ်လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် အမှတ်(၄၂၉)ခြေမြန်တပ်ရင်း (ခမရ -၄၂၉)မှ စစ်ကောင်စီတပ်သားလေးဦး လက်နက်ခဲယမ်းများ နှင့် အလင်းဝင်ရောက်လာကြောင်း လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDFမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဘောလခဲအခြေစိုက် အမှတ်(၄၂၉)ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားလေးဦး လက်နက်ခဲယမ်းများ နှင့် အလင်းဝင်ရောက်လာစဉ်။(ဓာတ်ပုံ - Karenni Democratic Front)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် အမှတ်(၄၂၉)ခြေမြန်တပ်ရင်း (ခမရ -၄၂၉)မှ စစ်ကောင်စီတပ်သားလေးဦး လက်နက်ခဲယမ်းများ နှင့် အလင်းဝင်ရောက်လာကြောင်း လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDFမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၉ရက်)တွင် ဘောလခဲမြို့အခြေ စိုက် ခမရ(၄၂၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားလေးဦးသည် လက်နက် ၃လက် ၊ ခဲယမ်း ၊ ကျည်ဘောက်နှင့် မိုင်းများ ယူလာပြီး အလင်းဝင်လာသည်ဟု ဆိုသည်။

“လွိုင်ကော် ရှေ့တန်းကင်းပွိုင့်ကနေ ဝင်လာတာ။လက်ရှိ ကျွန်တော်တို့တပ်ထဲမှာ သူတို့လေးဦးအပါအဝင်အလင်းဝင် စစ်ကောင်စီတပ်သားခြောက်ဦး ရှိတယ်။အရင် CDM လုပ်တဲ့သူတွေက သူတို့ရွေးချယ်မှုနဲ့ လုပ်ငန်းတွေပြန်လုပ်နေတာရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဘောလခဲအခြေစိုက် အမှတ်(၄၂၉)ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားလေးဦး လက်နက်ခဲယမ်းများ နှင့် အလင်းဝင်ရောက်လာစဉ်။(ဓာတ်ပုံ – Karenni Democratic Front)

ယနေ့ အလင်းဝင်လာသည့် တပ်သားများသည် ပြည်သူစစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက် ရှောင်တစ်ခင် ဖမ်းဆီးခံခဲ့ရပြီး အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသော တပ်သားသစ်များဟု အသိပေး သည်။

ထို့အပြင် ၎င်းတို့ပြောဆိုချက်အရ စစ်ကောင်စီတပ်တွင်းတပ်သား အများအပြားမှာလည်း စိတ်ဆန္ဒမရှိဘဲ တာဝန်ထမ်းဆောင်နေရသည်ဟု ဆိုသည်။

အလင်းဝင်ရောက်ခိုလှုံလာသော တပ်သားများအားလုံခြုံသောနေရာတွင် ထားရှိထားပြီး တပ်သားများ၏ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များ အလေးပေးဆောင်ရွက်သွားမည်ဟု လွိုင်ကော် Local PDF က အသိပေးသည်။

ထို့အပြင် ပူးပေါင်းလာကြမည့် ပြည်သူ့စစ်မူထမ်းများ ၊ အရာရှိစစ်သည် ရဲဘော် ၊အောက်ခြေ ရဲဘော်များနှင့် Non CDM ဝန်ထမ်းများအား နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လုံခြုံစိတ်ချမှုနှင့် ၎င်းတို၏ စိတ်ဆန္ဒအလေးထား၍ ကာကွယ်စောက်ရှောက်သွားမည်ဟု အသိပေးသည်။

ကရင်နီပြည်နယ်၌ နှစ်လအတွင်း ၂၀၂၄ ဒီဇင်ဘာနှင့် ၂၀၂၅ ဇန်နဝါရီအထိ စစ်ကောင်စီတပ်တွင် အဓမ္မစစ်မှုထမ်းရသူ ရာနှင့်ချီ၍ အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။