Connect with us

Hi, what are you looking for?

သတင်း

အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာ

စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာကြောင်း ရှမ်းတောင်နှင့် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံခဲ့ရသူ လေးဦး အလင်းဝင်လာစဉ်။(ဓာတ်ပုံ - Wa Toke၊ KNDF)

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာကြောင်း ရှမ်းတောင်နှင့် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၅၅)လက်အောက်ခံ ခမရ(၅၀၈)တပ်ရင်းမှ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်း၌ ပို့ဆောင်ခံရသည့် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသူ တပ်သားလေးဦးသည် ယနေ့ နံနက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(SSLRU) နှင့် အမှတ် (၁၀၀၈)တပ်ရင်း (SSRY) တို့မှ သွားရောက်ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သားများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မတရားလူသစ်စုဆောင်းခြင်းခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့ စိတ်ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်နေရသည့်အတွက် ဇန်နဝါရီ ၂၅ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ စတင်ချိတ်ဆက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

SSLRU နှင့် SSRY ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်တွင် Mission စတင်၍ ယနေ့တွင် အဆိုပါ တပ်သားများအား အောင်မြင်စွာကယ်ထုတ်လာနိုင်ခဲ့ခြင်းဟု သိရသည်။

“လက်နက်မဲ့ အလင်းဝင်တာပါ။စကစ တပ်သားအလင်းဝင်လာတာ အခု ပထမဆုံး လေးယောက်ပါပဲ”ဟု SSLRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သွားရောက်ကယ်ထုတ်နိုင်ခဲ့သော တပ်သား လေးဦးအား SSLRU နှင့် SSRY က လုံခြုံသည့်နေရာတွင် ထားရှိ၍ နွေးထွေးစွာကြိုဆိုခဲ့ပြီး ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်များပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မတရား တပ်သားသစ်စုဆောင်းခံရသော စစ်မှုထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပြီး စစ်ကောင်စီထံမှ ရုန်းထွက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ရန်လည်း SSLRU က တိုက်တွန်းထားသည်။

ထို့အပြင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၃၁)တပ်ရင်းမှ အရာခံဗိုလ်တစ်ဦးမှာ လက်နက် နှင့်အတူ ဇန်နဝါရီ ၂၇ရက်က ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း ကရင်နီအမျိုးသားများကွယ်ရေးတပ်(KNDF)က အသိပေးသည်။

အဆိုပါဘက်ပြောင်းခိုလှုံလာသော အရာခံဗိုလ်မှာ စစ်မှုထမ်းလုပ်သက် (၄၀)နှစ်ကျော်ရှိပြီဖြစ်ပြီး မတရားသော လုပ်ရပ်များနှင့် အာဏာရှင်စနစ်ဆိုးအောက်တွင် ဆက်၍တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ခြင်းကြောင့် MA-3 သေနတ်တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ KNDF ထံထွက်ပြေးခိုလှုံလာခဲ့သည်။

ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်နယ်၊ဘောလခဲမြို့အခြေစိုက် ခမရ(၄၂၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသည် လက်နက်ခဲယမ်းများ နှင့် အလင်းဝင်ရောက်လာကြောင်း လွိုင်ကော် Local PDF က တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်တပ်တွင်းရောက်ရှိသူများသည် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ အလင်းဝင်လာသည့်ဖြစ်စဥ်များ ယခုလပိုင်းများအတွင်း အများအပြားရှိလာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။