Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျ သေဆုံးသည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျ သေဆုံးသည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။

ကိုဒီးငူလ်ဒီးဆိုင်းဆိုသူသည် ဖေဖော်ဝါရီ ၈ရက် ‌နံနက်ပိုင်းက မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံးခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” အိမ်ပြန်ဖို့ လမ်းစရိတ်ရှာရင်းနဲ့ခုလိုဖြစ်သွားတယ်။ သူ့မိသားစု၀င်တွေကိုလည်း အသိပေးစေလိုတယ်။ လန်ဆယ်က သက်ဆိုင်ရာတာ၀န်ရှိသူတွေကလည်း အကူညီပေးဖို့တောင်းဆိုချင်တယ်လို့အကူအညီလာတောင်းပါတယ်”ဟု ပူတာအိုမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ကိုဒီးငူလ်ဒီးဆိုင်းသည် ပူတာအိုမြို့ ပန်းဥယျာဉ် လူမှုကူညီရေးအသင်းစတင်ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီဝင်ဖြစ်ပြီး ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် COCအသင်းတော်၏ လူငယ်ခေါင်းဆောင်လည်း ဖြစ်သည်။

လန််ဆယ်ဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး ဖေဖော်ဝါရီ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။