Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျ သေဆုံးသည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး မြေစာပုံပေါ်မှပြုတ်ကျ သေဆုံးသည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။

ကိုဒီးငူလ်ဒီးဆိုင်းဆိုသူသည် ဖေဖော်ဝါရီ ၈ရက် ‌နံနက်ပိုင်းက မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံးခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” အိမ်ပြန်ဖို့ လမ်းစရိတ်ရှာရင်းနဲ့ခုလိုဖြစ်သွားတယ်။ သူ့မိသားစု၀င်တွေကိုလည်း အသိပေးစေလိုတယ်။ လန်ဆယ်က သက်ဆိုင်ရာတာ၀န်ရှိသူတွေကလည်း အကူညီပေးဖို့တောင်းဆိုချင်တယ်လို့အကူအညီလာတောင်းပါတယ်”ဟု ပူတာအိုမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ကိုဒီးငူလ်ဒီးဆိုင်းသည် ပူတာအိုမြို့ ပန်းဥယျာဉ် လူမှုကူညီရေးအသင်းစတင်ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီဝင်ဖြစ်ပြီး ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် COCအသင်းတော်၏ လူငယ်ခေါင်းဆောင်လည်း ဖြစ်သည်။

လန််ဆယ်ဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး ဖေဖော်ဝါရီ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့မတ်လ ၁၅ရက် ညပိုင်း၌ သတင်းဖော်ပြ အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ‌ဆားမှော်ကျေးရွာတွင် စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ဖွဲ့စည်းပုံ ဒအခြေခံဥပဒေ ပုဒ်မ (၃၃)အရ စစ်ကောင်စီအား ချက်ချင်းအရေးယူနိုင်ရေး ဆန္ဒ​ပြလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၅) ပြုလုပ်ခဲ့သည်။