Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်က အရပ်သားတွေ၊ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် အလွန်စိုးရိမ်ပူပန်တယ်လို့ နော်ဝေသံရုံးထုတ်ပြန်

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က အရပ်သားတွေ၊ ၎င်းတို့ရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ သတင်းတွေကြားသိရတဲ့အတွက် အလွန်စိုးရိမ်ပူပန်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ပိုင်းအနေနဲ့ ပြည်သူလူထုအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး လိုအပ်နေသူတွေအားလုံးကို လူသားချင်းစာနာမှုအကူအညီတွေရရှိစေရေး အာမခံချက်ပေးဖို့ နော်ဝေအစိုးရက တောင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က အရပ်သားတွေ၊ ၎င်းတို့ရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ သတင်းတွေကြားသိရတဲ့အတွက် အလွန်စိုးရိမ်ပူပန်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ တပ်အင်အား တိုးမြှင့်ချထားမှုနဲ့အတူ နိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး ပိုမိုပြင်းထန်လာတဲ့အကြမ်းဖက်မှုတွေရဲ့ ဆိုးကျိုးတွေကို အရပ်သားပြည်သူလူထုက ဆက်လက်ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပိတ်ဆို့ခံထားရမှုကြောင့် မြေပြင်အခြေအနေ သတင်းအချက် အလက်တွေ ရရှိဖို့ခက်ခဲနေပြီး အင်တာနက်ကန့်သတ် ချက်တွေကိုလည်း ဖယ်ရှားပေးရမယ်လို့ နော်ဝေသံရုံးက တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ် ထန်တလန်မြို့ရှိ နေအိမ်များ မီးလောင်ခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Chin Journal)

ဆက်စပ်သတင်းများ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။