Connect with us

Hi, what are you looking for?

သတင်း

ကွင်းချောင်းဝဗျူဟာမှ စစ်ကောင်စီတပ်သားနှစ်ဦး ပဲခူးခရိုင်တပ်ရင်း (၂)ထံ လက်နက်ဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကွင်းချောင်းဝဗျူဟာမှ စစ်ကောင်စီတပ်သားသစ် နှစ်ဦးသည် ပဲခူးခရိုင် အမှတ်(၂)တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အဆိုပါတပ်ရင်းတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ကွင်းချောင်းဝဗျူဟာမှ အလင်းဝင်တပ်သားနှစ်ဦး၊ လက်နက်ခဲယမ်းများနှင့် ပဲခူးခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတို့ မှတ်တမ်းရယူခဲ့စဥ်။ ဓာတ်ပုံ - တပ်ရင်း ၂

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကွင်းချောင်းဝဗျူဟာမှ စစ်ကောင်စီတပ်သားသစ် နှစ်ဦးသည် ပဲခူးခရိုင် အမှတ်(၂)တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အဆိုပါတပ်ရင်းတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားသစ်နှစ်ဦးသည် ပဲခူးခရိုင်အမှတ် (၂)တပ်ရင်းထံသို့ ဖေဖော်ဝါရီ ၉ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA 1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခု၊ 5.56 ကျည် ၄၀၀တို့ ယူဆောင်လာခဲ့ကြောင်း ပဲခူးခရိုင် အမှတ် (၂)တပ်ရင်းက အသိပေးသည်။

“သူတို့တာဝန်ကျတဲ့နေရာကနေ ထွက်လာတာတော့ သူတို့ဟာသူတို့ ထွက်လာတာပေါ့။ ထွက်လာပြီးတော့ ဒီဘက်က ကျနော်တို့ စိုးမြေနယ်မြေအတွင်းရောက်ရှိတဲ့အခါမှာ တပ် ရင်းက ရဲဘော်တွေက သွားရောက်ခေါ်ဆောင်ခဲ့တာပါ”ဟု ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် အဆိုပါ အလင်းဝင်တပ်သားနှစ်ဦးကို ကနဦးချီးမြှင့် ကျပ်ဆယ်သိန်း ပေးအပ်ထားပြီး ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိ​ကြောင်း တပ်ရင်း(၂)က ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်သားသစ်နှစ်ဦးနှင့်စပ်လျဥ်းပြီး ဒေသအသီးအသီးမှ အလင်းဝင်တပ်သားအချို့ကဲ့သို့ တော်လှန်ရေးရဲဘော်အဖြစ် ဆက်လက်ရပ်တည်ခြင်းရှိမရှိနှင့် ၎င်းတို့၏ဆန္ဒမည်သို့ရှိသည်ကို တပ်ရင်းတာဝန်ရှိသူများမှ ဆွေးနွေးညှိနှိုင်ရဦးမည်ဖြစ်ပြီး လက်ရှိတွင် တပ်သားသစ်နှစ်ဦးမှ တစ်စုံတစ်ရာ ဆန္ဒပြုထားခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များထံ အမြန်ဆုံးချိတ်ဆက်အလင်းဝင်ကြရာတွင် ကိုယ်တိုင်ရုန်းထွက်လိုစိတ်ဖြင့် စွန့်လွှတ်စွန့်စားရဲသော သတ္တိရှိဖို့သာလိုသည်ဆိုခြင်းကို ယခုလို လက်နက်နှင့်တစ်ကွ အလင်းဝင်နေကြသူများမှ အကောင်းဆုံးသက်သေပြနေသည်ဟု တပ်ရင်း (၂)က အသိပေးသည်။

စစ်ကောင်စီလက်အောက်မှ ဘက်ပြောင်းအလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်းလည်း ပဲခူးခရိုင် အမှတ်(၂)တပ်ရင်းမှ ထပ်မံအသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာန(MOD)အောက်ရှိ ပြည်သူရင်ခွင်အဖွဲ့၏ မှတ်တမ်းများအရ ယခုနှစ်ဇန်နဝါရီလအတွင်း ပြည်သူ့ဘက်ခိုလှုံလာသော အလင်းဝင်တပ်သားများအနက် MOD အောက်ရှိ PDF နှင့် ပကဖ များထံချိတ်ဆက်ဝင်ရောက်လာသူ ၆၈ ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်ကာ တိုင်းရင်းသားတပ်ဖွဲ့များထံချိတ်ဆက်သူ ၃၂ ရာခိုင်နှုန်း၊ တပ်ရင်းတပ်ဖွဲ့များမှ ခေါ်ထုတ်နိုင်ခဲ့သူ ၃၁ ရာခိုင်နှုန်းနှင့် လက်နက်ယူဆောင်လာနိုင်သူ ၁၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

(စစ်ကောင်စီ၏ ကွင်းချောင်းဝဗျူဟာမှ အလင်းဝင်တပ်သားနှစ်ဦး၊ လက်နက်ခဲယမ်းများနှင့် ပဲခူးခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတို့ မှတ်တမ်းရယူခဲ့စဥ်။ ဓာတ်ပုံ – တပ်ရင်း ၂)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့တဲ့ ပြည်သူ ၁၅၀ ဦးခန့်အား ကယ်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၇၀ဦးနီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။