Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေမြို့တွင် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် လက်နက်ကြီးပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့ စစ် (PNO/PNA)ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင်း ညောင်ရွှေမြို့နယ်ရှိ တောင်ပို့ကွဲကျေးရွာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးနေစဉ်။ ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့ စစ် (PNO/PNA)ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

ညောင်ရွှေမြို့နယ် ၊တောင်ပို့ကွဲကျေးရွာကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂ရက်) ညနေ ၅နာရီခန့်တွင် ဖယ်ခုံမြို့ဘက်မှ လက်နက်ကြီး ၆လုံး ပစ်ခတ်ခဲ့ခြင်းဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် (၁၀)နှစ်အရွယ် မောင်စိုင်းလျန်ဆိုင်နှင့် (၄၀)ကျော်ရှိ ဦးစိုဝ်လုံသေဆုံးကာ (၄၀)အရွယ် ဒေါ်နန်းဖန် နှင့် (၄၅)နှစ်အရွယ် ဦးကျားတို့နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” လက်နက်ကြီးက တောက်လျှောက်ပစ်တာရှင့်။ စစ်ရေးပစ်မှတ်လား အရပ်သားပစ်မှတ်လား မခွဲဘဲ ရမ်းပစ်နေတာရှင့်။အိမ်တွေပေါ် ကျပြီး သေဆုံးတာတွေ ဖြစ်ရတာ”ဟု ညောင်ရွှေမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNO/PNAပူးပေါင်းတပ်သည် ပင်လောင်းမြို့နယ် ၊ နန်းတုတ်ရွာကိုလည်း ယမန်နေ့ ညနေက မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး ရှစ်လုံးပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၂လုံး ပျက်စီးခဲ့သည်ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း ညောင်ရွှေမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)မှ တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

ညောင်ရွှေမြို့နယ်၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနှင့် ထမင်းချိုဓာတ်ဘုရားစခန်းကုန်းတွင် အင်အား ၁၅၀ခန့်ဖြင့် တပ်စွဲထား‌သော စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNA)က ပူးပေါင်း၍ ရေပူကျေးရွာအရှေ့ဘက် ရေချောင်းအထိ ဇန်နဝါရီ ၃၀ရက်တွင် စစ်ကြောင်းထိုးလာခဲ့သည်ဟု အင်းလေး PDFက ဖေဖော်ဝါရီ ၁၂ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းအား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 ၊(Bee Coloum)ပျားစစ်ကြောင်းနှင့် SSRYတပ်ဖွဲ့ များပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

PNO/PNAသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်းတပ်ဖြစ်ပြီး ညောင်ရွှေမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ အထူးဒေသ (၆)အဖြစ် အုပ်ချုပ်နေသည်။

၎င်းတို့ လှုပ်ရှားနယ်မြေများတွင် ပျူစောထီးများအားစစ်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ရသလို ပြည်သူအချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖမ်းဆီးထားဟု KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပအိုဝ်းဒေသဆီဆိုင်မြိုနယ်နောင်ဗိုကျေးရွာကိုစစ်ကောင်စီလက်အောက်ခံ PNO/PNAပြည်သူ့စစ်က မီးရှို့ခဲ့၍ အိမ်ခြေ ၂၀ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။