Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၂ဦးသေ၊ ၃ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ရသလို ပြည်သူအချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖမ်းဆီးထားဟု KNUက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှုများ။ဓာတ်ပုံ - KNU

ပြည်သူအချို့ကို စစ်တပ်က လူသားဒိုင်းလုပ်ထားဟု KNUထုတ်ပြန်

ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ရသလို ပြည်သူအချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖမ်းဆီးထားဟု KNUက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှုများ။ဓာတ်ပုံ – KNU

ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၆ရက်တွေမှာ စစ်တပ်က ကျိုက်ထိုမြို့နယ်အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို KNU ဗဟိုက သတင်းထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ဒုတိယပတ်အတွင်း ကျိုက်ထိုမြို့နယ်အခိုင်ကျေးရွာ၊ခရွဲ၊ ဖိုးဝါးသိမ်ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး ပြည်သူ ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တာပါ။

အခိုင်ရွာကို စစ်တပ် အမတ(၃၁၀)တပ်ရင်းက လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့လို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အမတ (၃၁၀) တပ်ရင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ပဲ ခရွဲကျေးရွာမှ အရပ်သား အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အဲဒီကျေးရွာတွေက လူနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မ(၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းက ဖိုးဝါးသိမ်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အရပ်သား ၂ဦး သေဆုံးခဲ့ရသလို စစ်ကြောင်းထိုးစဉ် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ အဲဒီလို အဓမ္မ ဖမ်းဆီးသွားတဲ့ အထဲက တချို့ကိုပြန်လွှတ်ပေး ခဲ့ပေမယ့် တချို့ကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ည ၁၁ နဲ့ ၁၂ နာရီကြားမှာ တိုက်ပွဲဖြစ်တယ် (၃) နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ထည့်တယ် တစ်ယောက်က ပွဲချင်းပြီးသေတယ်၊ နောက်တစ်ယောက်က ရှမ်းစုရောက်မှ သေတယ်၊ သေဆုံးတဲ့လူတွေက ရှမ်းစုက တစ်ယောက် ဖိုးဝါးသိမ်က တစ်ယောက် အမျိုးသားချည်းပဲ နှစ်ယောက်လုံး၊ တစ်ယောက်က ရှမ်းစုကလာလည်တာ” ဟု KNU ကျိုက်ထိုသတင်းပြန်ကြားရေး တာဝန်ခံရဲ့ ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာဖိုးဝါးသိမ် ရွာရောက်လာချိန် ရွာသားတွေ ထွက်ပြေးတာရှိခဲ့ပြီးကျန်နေတဲ့အချို့ရွာသားတွေကိုစစ်တပ်ကဖမ်းပြီးဘုန်းကြီး ကျောင်းဘုရားကုန်းမှာလူသားဒိုင်းလုပ်ခဲ့တာလို့ KNU ကျိုက်ထိုသတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“အဲဒီမှာစစ်ကြောင်း တစ်ညအိပ်တယ်၊ တချို့ကိုဖမ်းသွားပြီးပြန်လွှတ်ပေမယ့် တချို့ကိုပြန်မလွှတ်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ရာ နေရာဒေသတွေမှာ ငြိမ်းချမ်းနေသယောင် ပြုမူနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနေရာဒေသတွေကအရပ်သားပြည်သူနေထိုင်ရာတွေကို နေ့စဉ် ရက်ဆက်လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အလှူပွဲလှည့်လည်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေကာ နှစ်ဦး အရေးပေါ်ဆေးကုနေရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။