Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မေ/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်ထဲက ပုဂံမြို့သစ်ရဲ့ အရှေ့တောင်ဘက်က ကျောက်ပြင်ကန်နဲ့ဂျိုးကန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့မနက် ၇နာရီလောက်ကတည်းက စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဂျိုးကန်ရွာကို မနေ့ညကစစ်ကြောင်းဝင်ပြီးတဲ့နောက်တိုက်ပွဲဖြစ်တာလို့ ပြောတယ်။လေယာဥ်ကြဲတာ မီးခိုးလုံးတွေပါမြင်နေရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

“ဒီနေ့ ၁၁ နာရီမှာစကစ ကရဟတ်ယာဥ်နဲ့ဗုံးလာကြဲပါတယ်။ကျောက်ပြင်ကန်ရွာနဲ့ဂျိုးကန်ရွာကိုစစ်ကြောင်းထိုးပြီးလက်နက်ကြီးတွေနဲ့ပစ်ပြီးလေကြောင်းကလဲဗုံးကြဲနေပါတယ်။အခုကျောက်ပြင်ကန်ရွာထဲမှာအိမ်တွေကပစ္စည်းတွေယူနေပါတယ်”လို့ ​ဒေသခံ တဦးက​ပြောပါတယ် ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ဦးမြို့နယ်က ကျေးရွာတွေ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်​ကြောင်းထိုးတဲ့အခါ ​ချောက်မြို့ဘက်က​နေ ခန့်မှန်းအင်အား ၇၀ ​လောက်နဲ့ လက်နက်ကြီး​တွေပစ်ပြီး စစ်​ကြောင်းထိုးတာလို့​ဒေသခံ​တချို့က​ပြောပါတယ်။​ဒါအပြင် ရဟတ်ယာဥ်နဲ့လည်းစစ်သားအချို့ထပ်ပို့ခဲ့ပြီး အ​ရေအတွက်​တော့မသိရဘူးလို့​ဒေသခံ​တွေက​ပြောပါတယ်။

ကျောက်ပြင်ကန်ရွာမှာ ​ဖေ​ဖော်ဝါရီ ၁၃ ရက်​နေ့က သားရှင်ပြုအလှူပွဲရှိ​တာမှာ စစ်​ကောင်စီက ​လေ​ကြောင်းကတိုက်ခိုက်၊စစ်​ကြောင်းထိုးတာ​​ကြောင့်အလှူပွဲလည်းပျက်ခဲ့ပါတယ်။

ညောင်ဦးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်တာ ပထမဆုံးအကြိမ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီ တပ်ရင်းတွေနဲ့နီးတဲ့နေရာတွေဖြစ်တာမို့ သတင်းမထုတ် ပြန်နိုင်သေးဘူးလို့ အဲဒီနယ်မြေက တော်လှန်ရေးတပ်တွေကတော့ ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံကိုဆက်သွယ်ထားပေမယ့်လည်းအကြောင်းမပြန်သေးပါဘူး။

​ဖေ​ဖော်ဝါရီ ၁၃ ရက်နေ့ ​နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲသံငြိမ်နေပြီး ဒေသခံတွေကတော့ ပြန်မဝင်ကြသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ်က လူငယ်တွေကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇီးစားမြင်ရွာက လူငယ်တွေအဖမ်းခံရတာလို့​ဒေသခံတချို့က​ပြောပါတယ်။

ကျောက်ပြင်ကန်နဲ့ ဂျိုးကန်ကျေးရွာဟာ ပုဂံမြို့ရဲ့ အရှေ့တောင်ဘက်၊ ပုဂံ – ချောက်ကားလမ်းမပိုင်းအရှေ့ဘက်မှာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook