Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF ပိတ်ဆို့တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် မဟာမိတ်တပ်များက နှစ်ရက်ဆက် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီက ရေကြောင်းနှင့် လေကြောင်းပစ်ကူများပေးပြီး တပ်ပြန်ဆုတ်သွားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ် ကြောင်း(၂)အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်တပ်ဆင်ပေးသည့် အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် မဟာမိတ်တပ်များက နှစ်ရက်ဆက် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီက ရေကြောင်းနှင့် လေကြောင်းပစ်ကူများပေးပြီး တပ်ပြန်ဆုတ်သွားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရှပ်ပုံကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈နာရီခန့်တွင် အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မဟာမိတ်တပ်ပေါင်းစုက နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့လယ် ၁နာရီခန့်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းပြောခွင့်ရသူက ပြောသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ရှပ်ပုံအုပ်စု၊ ရေချိုကျေးရွာဘက်သို့ တောလမ်းမှတဆင့် ရှေ့တိုးလာရာ မဟာမိတ်တပ်ပေါင်းစုက အပြင်းအထန်တိုက်ခိုက်၍ ပြန်ဆုတ်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်ဟု တပ်ရင်း(၁)က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဟုတ်တယ်ဗျ။ (ထွက်လမ်းမရှိ)နောက်မှာ ပင်လယ်ပဲ ကျန်တယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်သည် ၎င်း၏တပ်သားများကို ကယ်ထုတ်ရန် ပင်လယ်ပြင်မှ စစ်သင်္ဘောဖြင့် လက်နက်ကြီးပစ်ကူးပေးခြင်း၊ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၃နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးသီးအလုံး ၂၀ ခန့်ကြဲချ၍ လေကြောင်းပစ်ကူပေးခဲ့သည်ဟု တပ်ရင်း(၁)က ထုတ်ပြန် သည်။

အဆိုပါ ရေကြောင်းနှင့် လေကြောင်းပစ်ကူပေးစဥ်အတွင်း ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကျဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးဖော်ပြသည်။

“အမည် ကိုသင်္ကြန်ဦး အသက် ၄၀ဝန်းကျင်။ လက်နက်ကြီးအစ နားထင်ကိုထိပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်”ဟု ပြည်သူထိခိုက်သေဆုံးမှုကို တပ်ရင်း(၁)မှ ပြောခွင့်ရသူက ရှင်းပြသည်။

အထက်ပါ နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများအား ရေကြောင်းနှင့် လေကြောင်းပစ်ကူများပေး၍ ပြန်ဆုတ်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်းအတွင်း စစ်ရေးတိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိရာ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင်လမ်း၌ စစ်ကောင် စီတပ်နှင့် တော်လှန်ရေးမဟာမိတ်တပ်များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။