Connect with us

Hi, what are you looking for?

သတင်း

ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ NUG အသိပေး

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကြဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သော ဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ ဓာတ်ပုံ-FBR ၊KNDF ၊CJ

ဟန်နွေ/People’s Spring

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

လေးကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို NUG ကာကွယ်ရေးက ယခုရက်ပိုင်းအတွင်း အပိုင်းလိုက်ထုတ်ပြန်လျက်ရှိရာ ယနေ့တွင် ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဓာတုလက်နက်များမှ အဆိပ်များသည် ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံနှင့် တည်ရှိနိုင်ကြောင်း၊၎င်းတို့၏ ဘေးအန္တရာယ်ကို သာမန်အဝတ်အစားများ လုံခြုံစွာဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဓာတုလက်နက်ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရဟု ဖော်ပြသည်။

အဆိုပါ အဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်း နှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတုပစ္စည်း တစ်မျိုးချင်းစီအလိုက် အဆိပ်သင့် မှု ပုံစံမျိုးစုံရှိပြီး ၎င်းလက္ခဏာများကို သိရှိထားရန် လိုအပ်ကြောင်း၊ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သား အဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ်ကြောင်းဖော်ပြသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်း သေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အ‌ငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်နေခြင်းဖြစ်သည်ဟုလည်း NUG ကာကွယ်ရေး၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက် တအာင်းဒေသ ၊ ရှမ်းတောင်ပအိုဝ်းဒေသ တိုက်ပွဲများတွင် အဆိပ်လက်နက်များအသုံးပြုတိုက်ခိုက်ခဲ့၍ တော်လှန်ရေးရဲဘော်များ အဆိပ်ဗုံးဒဏ်သင့် ဝေဒနာများခံစားခဲ့ရကြောင်း တအာင်းတပ် TNLA နှင့် ပအိုဝ်းတပ် PNLAတို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဆင့်မြှင့်တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။