Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်​တောင်ပိုင်းရှိ စစ်စခန်း ငါးခုကို​ တော်လှန်​ရေးတပ်များသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။

စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

၏စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။

စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီ နှင့် ပျူစောထီး သေဆုံး ထိခိုက်မှုများပြားပြီး အရှင်မိထားသူ ၃၀ ဦးခန့်ရှိသည်ဟု သိရသည်။

“လက်ရှိ သိမ်းထားနိုင်တာ။ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်မှာရှိတဲ့ စကစ စခန်းတွေဖြစ်တယ်။ပြောနိုင်တဲ့ စစ်ရေးအခြေအနေကတော့ ရန်သူစခန်းငါးခု သိမ်းထားနိူင်ပါတယ်”ဟုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ တော်လှန် ရေးအင်အားစုဘက်ကသိမ်းထားသည့် စခန်းငါးခုမှာ ကမ္ဘားနီ၊ အောင်သာယာ (ရွာသစ်နဲ့ ရွာဟောင်း)၊ မှန်တော နှင့် ကြံသာရွာ တို့တွင် ရှိ​သောစစ်စခန်းများဖြစ်ကြောင်းသိရသည်။

“လက်နက်တော်တော်များများလည်းရထားပါ တယ်”ဟု ၎င်းကဆက်ပြောသည်။

ကလေးတောင်ပိုင်းရှိ စစ်ကောင်စီစခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် စခန်းငါးခုကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။

စခန်းများသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းမှ တန်​ပြန်ဗုံးကြဲ၍ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ တစ်သောင်းထက်မနည်း ထွက်

ပြေးတိမ်ရှောင်နေရသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ​ပြောသည်။

“ရေရှင်၊အင်းကျွန်း၊ကျောက်ဆည်၊ ကုက္ကိုလ်၊ရှားတော နွားရွာ၊တင်သား၊ကျောက်ဖူး၊ဒိုးနွယ်၊ အရှေ့စည်း ၊မင်းလှ ၊ရှားဖို ၊မှန်တော၊ အောင်မဂ်လာ နဲ့ ဆည်တော ရွာတွေ က ပြည်သူတွေ တောထဲ စစ်ရှောင်နေကြရတယ်”ဟု ၎င်းက ပြောသည်။

​ဖေ​ဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲမှုကြောင့်ကျော် နှင့် သံဖိုကျေးရွာမှ ကလေးငယ်နှင့် CDM ကျောင်းဆရာမအပါအဝင် ဒေသခံခုနှစ်ဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီ၁၂ရက်နေ့မှ၁၆ရက်အထိစစ်ကောင်စီ သည် ကလေးမြို့နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ထားပြီး ဗုံးအလုံးရေ ရာနှင့်ချီအသုံးပြုခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့်ကလေးမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲ၊အလှူပွဲ၊နာရေးကိစ္စများကို အကျဥ်းချုံးလုပ်ရန် နှင့် အသံချဲ့စက်လုံးဝ အသုံးမပြုရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားမြစ် ထားသည်။

ထိုအပြင် က​လေးမြို့​ပေါ်တွင် ဆန်စက်များ​မောင်းနှင်ပါက စစ်တပ်မှ ဒရုန်းသံ၊​လေယာဥ်သံ​​​ကောင်းစွာမကြားရ၍ ဖြစ်နိုင်ပါက စက်များရပ်တန့်ထား​ပေးရန် PDF အချို့က ​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။